"မင်းက.."
"မောင့်ကိုမလွမ်းဘူးလား လွန်းမြန်သော်"
"Adam မင်းကဘယ်လိုလုပ် ဟင့်အင်း ငါမင်းနဲ့ပြီးပြီ"
လွန်းသော်တစ်ကိုယ်လုံးအကြောတွေတောင့်သွားရသည်။ ဒီကောင်လေးကဒီအထိလိုက်လာတယ်တဲ့လား ပြီးပြီထင်ခဲ့တဲ့သူတို့ဆက်ဆံရေး ဟင့်အင်း လွန်းသော်ဘက်ကတကယ်ကိုပြီးပြီ...
"မောင်ကမပြီးချင်သေးဘူး လွန်းမြတ်သော်"
တစ်ဖြေးဖြေးနီကပ်လာတဲ့သူ့ခန္ဓာကိုယ်ကိုတိုးတိုက်ကာ လိုက်ကာကိုဖွင့်ပြီးထွက်သွားရန်ပြင်လိုက်စဉ် အားကောင်းလှတဲ့Adamလက်မောင်းကြီးတွေကသူ့ကိုဆွဲချုပ်လိုက်သည်။
"Adamမင်းလွှတ်စမ်း ငါ့မှာအခုအိမ်ထောင်ရှိနေပြီ မင်းနဲ့ငါနဲ့ပြီးပြီ"
လွန်းသော်အယုံမလွယ်ခဲ့သင့်တာ Adam Smithဆိုတဲ့ကောင် သေသေချာချာအကွက်ချစီစဉ်ထားခဲ့တာ...
"မောင်ကဘယ်တုန်းကမှပြီးပြီလို့မသတ်မှတ်ဘူး လွန်းမြတ်သော်ကမောင့်ကိုတောင်းဆိုလို့မောင်လမ်းခွဲပေးတာ အခုမောင့်အပိုင်ကို ကြည်ညိုမောင့်စီကပြန်ယူတော့မှာ"
Adamလည်း လွန်းမြတ်သော်ဆိုတဲ့လူသားစီမှာပိုမိုပျော်၀င်မိသည်။ screenပေါ်မှာမြင်ပြီးချသ်ခဲ့ချိန်ကတည်းကသူဟာနင့်နင့်သည်းသည်းဖြစ်ခဲ့တာ.... အခုအပြင်မှာတွေ့ရတော့လည်း ဖြူဖြူပါးပါးလေးဖြစ်ကာ တကယ့်ရိုလှလွန်းသည်။ သူ့ထက်အသက်ကြီးတဲ့လွန်းမြတ်သော်က ကလေးလေးလိုဖြူစင်လွန်းသည်။ ခပ်သင်းသင်းကိုယ်နံ့ကိုလည်းသိပ်သဘောကျသည်။
"ကိုကိုကလွဲရင်ငါဘယ်သူ့မှမချစ်ဘူး"
"လွန်းမြတ်သော်ကအသက်ကြီးတဲ့လူကိုပိုသဘောကျတာလားဟင် မောင်ကငယ်လို့လား ပြောစမ်းပါ"
"ငါ့မှာအဲ့လိုကန့်သတ်ချက်တွေမရှိဘူး Adam
ကိုကိုကကိုကိုဖြစ်နေလို့ချစ်တာဘဲ မင်းမဆိုင်တာတွေဆွဲမတွေးရင်ကောင်းမယ်"ဖက်ထားတဲ့လက်တွေကပိုတင်းကျပ်လာပြီး သူ့ကိုယ်ကိုရဲရဲတင်းတင်းကြည့်လာသည်။
ဟင့်အင်း...."လွှတ်ပါ ငါပြန်ပါရစေ"
"လွန်းမြတ်သော် အရမ်းသဘောကျတယ်"
![](https://img.wattpad.com/cover/301139674-288-k764306.jpg)
ESTÁS LEYENDO
သုံးနှစ်တာဆက်ဆံရေး(complete)
De Todoသုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)