၂၇

1.4K 54 13
                                    

*တီ တီ*

"ဘာကိစ္စနဲ့ ဟွန်းကိုအဲ့သလောက်တီးနေတာလဲ ကိုကြည်ညိုမောင် ကျွန်တော့်ဘာသာလာမှာ ခင်များကားနဲ့လဲမလိုက်ဘူး"

ကားတံခါးအဆင်သင့်ဖွင့်ပေးထားတဲ့
ကြည်ညိုကမျက်နှာပျက်သွားပေမယ့် ပြန်လည်းပြုံးလိုက်သည်။

"ကိုယ့်ဘာသာဆိုလွန်းအဆင်မပြေဖြစ်နေပါ‌ဦးမယ် မာနလေးတစ်ထစ်လောက်လျှော့ပြီး ကိုယ်နဲ့လိုက်ခဲ့ပါ"

"ဖေဖေ Who is he?"

အိမ်ထဲကထွက်လာတဲ့ကလေးမလေးကကျောပိူးအိတ်အသေးလေးလွယ်ထားကာ ကျောင်းသွားရမှာထင်ပါရဲ့။

"ဘာမှမပတ်သက်ဘူး သမီး ပစ္စည်းတွေစုံရင်သွားမယ်"

"ကိုယ်လိုက်ပို့ပါမယ်"

သမီးကိုကြည့်တော့ သမီးကလည်းကျောင်းကားထက် ဇိမ်ခံကားကိုပိုစီးချင်နေသလိုပင်။
သမီးဆန္ဒကိုဘဲသူရှေ့တန်းတင်နေကျမို့ သမီးကသာလိုက်ချင်ရင်သူလည်းလိုက်မှာပင်။

"သမီးရော ဒီကားနဲ့လိုက်မလား ကျောင်းကားနဲ့ဘဲသွားချင်လား"

"သမီးဒီကားကိုစီးချင်လို့တော့မဟုတ်ပါဘူး but ဖေဖေ‌ရယ်သမီးကိုကျောင်းကားနဲ့ပို့နေတာတစ်ပတ်ရှိပြီ ဖေဖေ့ကားပြန်ရောင်းထားရတာသမီးနားလည်ပါတယ် ပူဆာတာမဟုတ်ပေမယ့် သမီးတို့ဒီနေ့လိုက်စီးကြမလားလို့"

လွန်းကသက်ပြင်းလေးချပြီး ဒူးတစ်ဖက်ထောင်ထိုင်ချလိုက်သည်။

စကားတတ်လေးကလူဖြူမလေးဆိုတာဘယ်သူကယုံမှာလည်း မြန်မာစကားကိုမွတ်နေအောင်ပြောတတ်နေတာကိုဘဲကြည့်..

"သမီးလေးကကပြားလား လွန်း"

"မဟုတ်ဘူး အမေရိကန်လူမျိုး"

"ချစ်ဖို့ဒီလောက်ကောင်းတာ နာမည်ဘယ်လိုခေါ်လည်း"

"မင်္ဂလာပါ သမီးနာမည် Aliza (အလီဇာ)ပါ"

"အို ဟုတ်ပါပြီ ဦးနာမည်က ဦးကြည်ညိုမောင် သမီးစိတ်မရှိရင် ဒယ်ဒီလို့ခေါ်လို့ရတယ်"

ကြည်ညိုမောင့်စကားကြောင့် ခပ်ဆောင့်ဆောင့်လေးဖြစ်နေတဲ့ လွန်းသော်ကမျက်စောင်းတွေကျွေးတော့သည်။

သုံးနှစ်တာဆက်ဆံရေး(complete)Donde viven las historias. Descúbrelo ahora