❗❗❗ဖတ်ပေးစေချင်ပါတယ်
ကျွန်တော်ဒါရေးရတာကသိစေချင်လို့ပါ ကျွန်တော်လည်းမန့်လေးတွေဖတ်ရတာကြိုက်ပါတယ် ရေးသမျှမန့်တိုင်းလည်းကျွန်တော်ဖတ်ပါတယ် viewကိုတော့မမြင်ရပေမယ့် voteပေးနေကျအကောင့်လေးတွေဆိုကျွန်တော်မှတ်ထားပါတယ် စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကိုလေးစားပါတယ်နောက်ပြီး "သုံးနှစ်တာဆက်ဆံရေး"လေးကပြီးဖို့လိုပါသေးတယ် မင်းလေးတို့မျှော်လင့်ထားတဲ့ဇာတ်သိမ်းနဲ့လုံး၀တူမှာမဟုတ်ပါဘူး
ဟာ၊ဟင် ဆိုပြီးဖြစ်သွားစေချင်ပေမယ့် အဲ့လောက်လုပ်နိုင်ပါ့မလားဆိုပြီး ချည်တုံချတုံနဲ့ကျွန်တော်ရှေ့ဆက်ရေးနေရတာပါ အဆင်မပြေတာရှိရင်ပွင့်ပွင့်လင်းလင်းဝေဖန်စေချင်ပါတယ် ကျေးဇူးတင်ပါတယ်:::::::::::::::::::::::::::::::::::::::::::::::
"မြတေးလေး စိတ်ဆိုးစရာမဟုတ်ဘူးလေ ကလေးလည်းမဟုတ်ဘဲနဲ့"
"ရွှတ် ဟင့်"
"ကိုကိုမောင် ဟင့် ကိုကြီးကမေမေ့ကိုတခါမှအကောင်းမပြောဘူး"
"ဟော ဘာလို့ ကိုကိုမောင်ကနေကိုကြီးဖြစ်သွားပြန်တာလည်း မေးချင်နေတာ အခုမှဘဲသတိရတယ် ဖြေစမ်းပါဦး မယ်မင်းကြီးမရဲ့"
လွန်းသော်ကတော့ ငြိမ်ငြိမ်လေးဟိုကြည့်ဒီကြည့်ကာ တိုးတိုးလေးခိုးရယ်သည်။
"ဖေဖေကဖုန်းဆက်သေးတယ် ဟိုးတုန်းကလေ ဖေဖေမဆုံးခင်တုန်းက မြေရာင်ကိုမှာခဲ့တယ် ကိုကြီးကို ကိုကိုမောင်လို့ခေါ်တာ သူ့အမေကိုသတိရပြီး၀မ်းနည်းမယ်တဲ့ အဲ့တာကြောင့် ကိုကြီးလို့လေ့ကျင့်လာတာ လေ့ကျင့်ရကျိုးမနပ်တဲ့ ကိုကိုမောင်"
သူ့မျက်နှာတစ်ချက်ငိုင်ခနဲဖြစ်သွားသည်။ မေမေ့ကိုမုန်းနေတာမဟုတ်ဘူး ထားခဲ့လို့၀မ်းနည်းနေမိတာတဲ့လား မဖြစ်နိုင်တာ...ဖေဖေရယ်
သတိထားမိတယ် လွန်းသော်ကထရယ်ကာ မြတေးကိုမှန်ထောင်ပြသည်။ သူသေချာပြင်လာတဲ့ မိတ်ကပ်တွေကမျက်ရည်တွေနဲ့မဲသဲကုန်သည်။
"ဟာ ကိုကိုမောင့်ကြောင့်အဲ့တာ အမလေး ကြောက်စရာကြီး ကိုကိုလွန်းမြတ်သော်ရယ်မနေနဲ့လို့"
STAI LEGGENDO
သုံးနှစ်တာဆက်ဆံရေး(complete)
Casualeသုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)