"Happy birthday ဖေဖေ့ရဲ့princess လေး"
"Thank you so much"
မွေးနေ့ကိတ်ပေါ်မှ ယွန်းမြတ်မင်းရှင်ဆိုသောနာမည်အား သမီးကသဘောတကျကြည့်ကာပြုံးသည်။
"သမီးမိသားစုနာမည်လား ဖေဖေ"
"ဒါကသမီးလေးနာမည် သမီးကျောင်းတက်ရင်သုံးဖို့ပေါ့ သမီးရဲ့"
သမီးကခေါင်းလေးငြိမ့်ကာ ပြုံးပြုံးရွှင်ရွှင်။
"လာ ဖေဖေတို့မိသားစုပုံရိုက်ရအောင်"
ကင်မရာချိန်နေတဲ့မောင်ကလက်မထောင်ပြတာမို့ သမီးဆံပင်လိမ်ကောက်ကောက်တွေကိုသပ်တင်ပေးလိုက်ကာ ကို့ကိုယ်ကိုလည်းကြည့်ကောင်းအောင်ပြင်ဆင်လိုက်သည်။
ကင်မရာချိန်ပြီး သူတို့နားအပြေးတပိုင်းလာကာ ပြုံးလိုက်တဲ့မောင့်ကြောင့်သူ့မှာငေးခနဲ။
ကင်မရာစီပြန်သွားကာမောင်ကပုံကိုကြည့်ကာ ဆူပုတ်ပုတ်ပြောသည်။
"လွန်း ဘယ့်နှယ့်ကင်မရာကိုမကြည့်တုန်း"
"မောင်ကပိုချစ်ဖို့ကောင်းလို့ပေါ့"
ကင်မရာကိုပြန်ငုံ့ကြည့်ကာ မောင်ကနှုတ်ခမ်းတို့ကိုဖိကိုက်ထားသည်။ မောင်တော့ရှက်နေလေပြီ..
"ကိတ်မုန့်ခွဲရအောင် ဖေကြီး"
"အင်း ခွဲမယ်လေ ဖေကြီးလာပြီ"
ကိတ်မုန့်ခွဲပြီးလွန်းနှာဖျားကိုခရင်မ်ဖြူဖြူလေးတို့တော့ သမီးကတစ်ခစ်ခစ်ရယ်ကာ သူ့လက်တွေနဲ့ဖယ်ရှားပေးသည်။ အဖေကိုတကယ်ချစ်တဲ့ကလေးလေး...
"ဖေဖေသမီးအတွက် dress လှလှလေးဝယ်ပေးရမယ်နော်"
"ဝယ်ပေးမှာပေါ့"
ကိတ်မုန့်စားကြပြီး သားအဖနှစ်ယောက် တိုးကြိတ်ကာဆိုနေကြသည်ကြောင့်မင်းအာဏာနားစွင့်မိသည်။
"သမီးလိုချင်ရင်ဖေကြီးဝယ်ပေးမယ်လေ ဖေဖေ့ကိုဘာလို့ပူဆာနေတာလဲသမီးရဲ့"
"ဖေကြီးဝယ်ပေးတာများနေပြီလေ ဖေဖေ့အလှည့်ပေါ့"
သူ့စည်းစိမ်ကိုစိတ်ပူရှာတဲ့သမီးကိုချစ်မဝစွာပါးလေးဖျစ်လို့အနားပေးလိုက်သည်။
أنت تقرأ
သုံးနှစ်တာဆက်ဆံရေး(complete)
عشوائيသုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)