"ကိုယ့်ကိုရှင်းပြ"
"ကိုကို အဲ့တာတွေကအရင်ကပါ ကျွန်တော်သူနဲ့တွဲခဲ့ဖူးရုံလေးပါ အခုကိုကိုနဲ့လက်ထပ်တော့ ကျွန်တော်သူနဲ့အဆက်အသွယ်မလုပ်တော့ပါဘူး"
"သူနဲ့မင်းက ဟား ထားပါတော့ မင်းမှာ လုပ်ပိုင်ခွင့်ရှိတယ် ငါတို့ကချစ်လို့ကြိုက်လို့ယူထားတာမှမဟုတ်တာ"
ကိုကို့မျက်နှာကခပ်အေးအေး လေသံကခပ်လေးလေးပင်။
"ကျွန်တော်ချစ်တယ်"
"........."
"တော်ပြီ ထမင်းသုပ်လေးလုပ်ပေးလို့ရမလား ကြက်သားနဲ့မတည့်လို့"
"ထမင်းသုပ်တော့မစားပါနဲ့ ကျွန်နော်ဆန်ပြုတ်လေးဖြစ်ဖြစ်..."
"မလိုဘူး ထမင်းသုပ်ဘဲလုပ်ပေးပါ"
"ဟုတ်ကဲ့ ကိုကို ခနလေးဘဲစောင့်နော်"
လွန်းမြတ်သော်ထွက်သွားသည်နှင့် ကျိန်းစပ်နေသည့်မျက်လုံးတစ်လုံးကိုဖိမှိတ်ချလိုက်သည်။
ကိုယ်အကောင်းဆုံးကြိုးစားနေပေးတော့မလို့လေလွန်းသော် မင်အပေါ်မနာကျင်ရအောင် ကိုယ်ကြိုးစားပေးတော့မလို့ပါကွာ....
ဘယ်ကဘယ်လိုစမှားခဲ့တာလဲဆိုတာ တဇွတ်ထိုးစိတ်ဓာတ်နဲ့နှစ်ယောက်လုံးဆုံးဖြတ်ချက်ချခဲ့မိတာလို့ထင်သည်။
"ကျွန်တော်ကအရူးမဟုတ်ဘူး ကိုကြည်ညို ကျေးဇူးပြုပြီးစကားကိုလွယ်လွယ်မပြောပါနဲ့လား"
"မင်းလည်းထင်သလောက်မနုံအနေပါဘူး
ဆိုတော့ ငါပွင့်ပွင့်လင်းလင်းဘဲပြောမယ် ငါ့အဖေမရှိတော့တဲ့နောက်ပိုင်းရှယ်ယာတွေထိုးကျနေတယ် ငါ့မှာနောက်ခံကောင်းကောင်းမရှိလို့ဘယ်ရှယ်ယာရှင်မှမယုံကြည်ဘူး အဲ့တော့ငါနောက်ခံလိုတယ်""ဪ"
"..........."
"ကိုကြည်ညိုခပ်မြင့်မြင့်တက်နိုင်ဖို့ ကျွန်တော့်နှလုံးသားကနွယ်ပင်ဖြစ်ပေးရမှာဘဲပေါ့
အပေါ်ရောက်သွားရင်အဲ့နွယ်ပင်ကိုဓားနဲ့ဖြတ်ချဦးမှာဘဲမလား""ငါလိုချင်တာအချိန်သုံးနှစ်"
"ဖြတ်ချမဲ့တူတူဘာလို့ချည်နှောင်နေဦးမှာလည်းဗျာ ကျွန်တော့်အပေါ်သိပ်တရားမျှတတယ်များခင်များထင်သလား"
أنت تقرأ
သုံးနှစ်တာဆက်ဆံရေး(complete)
عشوائيသုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)