"ငါရောက်ပြီ"
တစ်ဖက်ကခပ်ပြတ်ပြတ်အသံလေးကစူအောင့်အောင့်ထွက်လာသည်။
"မောင်ဒီမှာ"
ခုံတန်းပေါ်က luggage ကိုဆွဲကာ သူ့ဘက်လျှောက်လာတဲ့ လွန်းဟာ ပြောင်းလဲသွားတာ မျိုးမရှိ။တူညီတဲ့ခံစားချက်နဲ့ တူညီတဲ့ရနံ့လေး...
"သမီးရော"
"မောင် ခေါ်လာမလို့ဘဲ ညကနောက်ကျတော့မနိုးသေးလို့"
မော့ကြည့်တဲ့လွန်းမျက်လုံးလေးတွေကိုထိထိမိမိဆုံစည်းစေလိုက်သည်။
ဒီနှုတ်ခမ်းလေး၊ဒီပါးပြင်လေး...
လွမ်းနေလိုက်ရတာကွယ်။"အဟမ်း သ သမီးကိုဘာလို့ညနက်ထိထားတာလဲ မင်း"
"မောင် အိပ်ခိုင်းပါတယ် သမီးကပြောမရတာ"
မျက်မှောင်ကုတ်ကလေးနှင့်လွန်းကသက်ပြင်းချသည်။တကယ်ချစ်စရာဘဲကွယ်။
"သွားရအောင် သမီးစီ"
Luggage ကိုဆွဲတဲ့လက်ကလေးကိုလှမ်းဖမ်းကာ ကိုယ့်ဘက်ပြောင်းယူပြီးဆုပ်ကိုင်လိုက်သည်။
ရုန်းထွက်သွားခြင်းမရှိတဲ့လွန်းဟာ တစ်ချက်တော့လှည့်ကြည့်သည်။
ပြီးနောက်ရှေ့တည့်တညါ့ကိုပုန်ကြည့်ကာ သူဦးဆောင်ရာနောက် ငြိမ်ငြိမ်ကလေးလိုက်ပါရှာသည်။
ကားတံခါးဖွင့်ပေးတော့ အသာလေးဝင်ထိုင်ပြီးဂဂျီဂဂျောင်မကျပေ။
မောင် ပျော်လွန်းလို့သေတော့မှာဘဲ မောင့်လွန်းရယ်။
"လွန်း အုန်းနို့ခေါက်ဆွဲ စားမလား မောင်ရပ်လိုက်မယ်"
ကြည့်လက်စဖုန်းကိုပိတ်လိုက်ပြီး ကားပြတင်းကို လွန်းကကြည့်သည်။
"အွန်း မစားရတာကြာပြီ"
ထိုအခါမှ Adamလည်း ကိုယ့်ဘာသာ အမှတ်တွေပေးလိုက်ကာ ချစ်သူကို ကားတံခါးဖွင့်ပေးရန်အပြေးလေးဆင်းရတော့သည်။
သူတို့လည်းအသက်တွေရလာကြပြီလေ။ လွန်းမှလွန်းဆိုပြီး သူ့သဘောထားကိုဘဲ ဦးစားပေးမနေချင်တော့ဘူး အတ္တဆန်ဆန်နဲ့ အခုအနားရောက်အောင် လုပ်ခဲ့ပြီးပြီမလား... အကောင်းဆုံးဂရုစိုက်ပေးမယ် ကောင်းကောင်းရှိနေတာဘဲ သေလောက်အောင်ကျေနပ်လို့ ချစ်သူကို အရှုံးပေးမယ် ကိုယ်ကတော့မရှုံးပါဘူး နှလုံကတော့နာတာပေါ့....
ESTÁS LEYENDO
သုံးနှစ်တာဆက်ဆံရေး(complete)
De Todoသုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)