သတိမရသေးသောသူ့ကိုယ်ကသွေးတွေနဲ့ပေကျံနေပြီး သူ့ကိုဆွဲဖက်လာတဲ့ကုည်ညို့လက်တွေမှာလည်းချင်းချင်းရဲသည်။
"စိတ်ကိုလျှော့ပါဦး ကိုကြည်ညိုရာ လံန်းသော်ကကျန်းမာရေးချူချာလို့ပါ တခြားကိစ္စထွေထူးမဖြစ်နိုင်ပါဘူး"
သူသိတာပေါ့ လွန်းသော်ချူချာတယ်ဆိုတာ ရေချိုးနောက်ကျရင်ဖျားရုံလောက်၊နေပူထဲထွက်ရင်ခေါင်းကိုက်ရုံလောက်ထိကိုအထိခိုက်မခံတဲ့ကောင်လေး
"ငါစိတ်မအေးနိုင်ဘူး သွေးတွေမှအများကြီးဘဲ မင်းသိလား သူ့သွေးတွေတစ်၀က်လောက်အပြင်ကိုထွက်ကုန်တာမင်းသိလား"
သူတို့ဆက်ဆံရေးကိုမသိကြတဲ့သူတွေကတော့ ကြည်ညိုဟာသိပ်ချစ်တတ်သူလိုပေါ့
"ဒေါက်တာ စိုးရိမ်ရလားဗျာ"
အခန်းထဲလမ်းလျှောက်၀င်လာသောဆရာ၀န်ကိုမြင်သည်နှင့်တန်းခနဲမေးလိုက်တော့ သူ့ဘေးကအကူnurseစီကစာရွက်တွေကိုယူပြသည်။
"ရောဂါကြီးတော့မဟုတ်ပါဘူး နောက်ပိုင်းမကြာခဏလျှံနိုင်တယ် သူကသွေးထွက်များတတ်တယ်လူမျိုးဆိုတော့ သမရိုးကျနှခေါင်းသွေးလျှံတာနဲ့တင်သတိလစ်တဲ့အထိဖြစ်သွားတာပါ သိပ်လည်းမစိုးရိမ်ပါနဲ့မောင်ကြည်ညို"
"ဟုတ်ကဲ့ဗျ ဒါဆို ကျွန်တော်သူ့ကိုနောက်လ အပတ်တိုင်းခေါ်လာပြီး medical checkလုပ်ပေးလိုက်ပါ့မယ် ရုတ်တရက်အိမ်မှာဖြစ်ခဲ့ရင်ကျွန်တော့်အနေနဲ့သူအဆင်ပြေဖို့တတ်နိုင်တာများရှိလားဗျ"
"အင်း အဲ့တာကလွယ်ကူပါတယ် ခေါင်းအုံးမြင့်မြင့်မှာအုံးခိုင်းထားရုံဘဲ အန္တရာယ်မရှိဘူး
ဒါပေမယ့် အပတ်တိုင်းပုံမှန်medical checkလုပ်ပြီး လိုအပ်တဲ့သွေးပမာဏသွင်းဖို့တော့လိုတယ်""ဟုတ်ကဲ့ပါဒေါက်တာ ကျေးဇူးတင်ပါတယ်"
ပြောသင့်တာပြောမှသင့်တာမှာပြီးတော့ဆရာ၀န်ကြီးကဆေးရုံဆင်းလို့ရပြီပြောသည်။ အခန်းထဲပြန်၀င်လာတော့ သတိရနေပြီးကိုစိုးအောင်နဲ့ပင်စကားပြောနေသေးသည်။
"လွန်းသော်"
သူ့ခေါ်စံကြောင့်လှည့်ကြည့်လိုက်ပြီး ကြည်ညို့ကိုယ်ပေါ်ကသူ့သွေးတွေကိုကြည့်ကာမျက်မှောက်ကြုတ်သည်။
VOCÊ ESTÁ LENDO
သုံးနှစ်တာဆက်ဆံရေး(complete)
Diversosသုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION)