၃၁

1.4K 43 11
                                    

"မြတေးရောင်"

"ဟု ဟုတ်ကဲ့ဖေဖေ"

"နင်ဘာတွေကြံစည်နေတာလည်း ငါ့သားလည်း နင့်ကြောင့်နဲ့ဘဲ ငါ့အရိပ်ကနေထွက်သွားရတာ နင်အခုဘာထပ်ကြံစည်နေပြန်တာလည်း"

"ဖေဖေ! မြတေးဘက်ကိုကော တွေးဖူးလား သမီးတစ်ယောက်အနေနဲ့လက်ခံလာဖို့ အဲ့လောက်ထိကြိုးစားပြီးတာတောင် အနားမှာထားပြီး သမီးလိုဆက်ဆံဖူးလို့လား"

မြတေးကသာ ကောက်ကျစ်ခဲ့တယ် ဟု လူတကာပြောကြသော်လည်း တကယ်တမ်းပြန်ရတာက နာမည်ပျက်ရတာနဲ့မတန်ပေ။ တာဝန်ကျေဘဲဆက်ဆံပြီး သမီးတစ်ယောက်လိုဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ပေ။

"လွန်းမြတ်သော်က သမီးကြောင့် ဖေဖေ့စီကထွက်သွားတယ်ထင်တယ်မလား စိတ်ချဖေဖေ သမီးလည်းသွားတော့မှာ"

"ငါနင့်ကိုဆွဲထားလိမ့်မယ်မထင်နဲ့ အငယ်အနှောင်းကဘယ်တော့မှ ငါ့သားအရင်းကိုမမှီဘူး မတူရင်မတုနဲ့"

တစ်လုံးချင်းအံကြိတ်သံပါသောစကားများကိုကြားရပြီးနောက် လက်ကိုတင်းတင်းဆုပ်ထားလိုက်သည်။
နောင်တမရစေနဲ့ ဦးထွန်းမြတ်သော်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Congratulations "

"လုပ်ငန်းပြန်ထူထောင်နိုင်လို့ဂုဏ်ယူပါတယ် လုပ်နိုင်ဦးမယ်တောင်မထင်ထားဘူးဗျာ"

ခနဲ့တဲ့တဲ့ရန်စနေသောထိုလူကမောင့်ကိုသနားသလိုအကြည့်နဲ့ဆိုသည်။ မောင်ကပြုံးပြကာ ထိုလူကမ်းထားတဲ့ဖြတ်ကျော်သွားသည်။ တော်တယ် မောင်

မောင့်အလုပ်ထဲကလူတွေအကုန်လွန်းကိုသိနေကြသည်။ လွန်းကိုမောင့်အနားပြန်မြင်ကြတော့ သူတို့အတွက် တီးတိုးပြောစရာဖြစ်သည်။

"လွန်း မောင့်ရုံးခန်းထဲသွားနေလေ ပွဲပြီးရင် မောင် ဝန်ထမ်းတွေအတွက်စီစဉ်ပေးရဦးမယ်"

"ဒါဆို အဲ့ကစောင့်နေမယ် သမီးကိုခေါ်ပေးဦး"

Joseph နဲ့ပါသွားတဲ့သမီးကိုမောင်ကဖုန်းဆက်ခေါ်တော့ ပြန်လာပို့ပေးသည်။ သမီးမိန်းကလေး လိုချင်တဲ့Josephက သမီးလေးကိုတော်တော်ချစ်ပုံရသည်။

မောင့်လက်အောက်မှာအမြဲအလုပ်လုပ်နေကျ ကောင်လေးမို့ သူသတိထားမိသည်။အခုထို Joseph လည်း ရှေ့နေတစ်ယောက်နဲ့လက်ထပ်ထားတယ်ကြားသည်။
မောင်ကတော့ သူ့ကလေးကိုဂရုစိုက်သလိုကိုလင်အောက်ငယ်သားကို သံယောဇဉ်ရှိတာဖြစ်သည်။

သုံးနှစ်တာဆက်ဆံရေး(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ