ဝမ်အိမ်တွင် .....
' ဝမ်ဝမ် ခန လာအုံး။'
' သားကို မားတို့ သူငယ်ချင်းရဲ့ သားနဲ့ လက်ထပ်ဖို့ ပဲ ပြောမယ်ဆို မလာတော့ဘူး။'
' မပြောဘူး။ လာ ... မနက်လေးပဲ မျက်နှာ မြင်ရတာ ကြည့်ပါရစေအုံး။ မားတို့ သားရဲ့ မျက်နှာကို မေ့ချင်ချင် ဖြစ်နေပြီ။'
ရိပေါ် လွယ်ထားတဲ့ လွယ်အိတ်ကို ဆိုဖာမှာ ပစ်ချလိုက်ပြီး မား ခေါ်တဲ့ နောက်ကို သွားလိုက်သည်။
ရိပေါ် ရောက်တော့ မနက်စာ စားနေပြီဖြစ်တဲ့ ပါးကို တွေ့လိုက်ရသည်။
' ဘာရပ်လုပ်နေတာလဲ ထိုင်လေ။ အိမ်က အဖေ နဲ့ အမေနဲ့ကျ မျက်နှာချင်း မဆိုင်ချင်ဘူး။ သူငယ်ချင်းတွေနဲ့ကျ တစ်ညလုံး အတူနေ ဥာဉ့်နက်မှ ပြန်လာတယ်။ သူတို့နဲ့ပဲ သွားနေလိုက်မလား။'
' အဲ့ဒါကြောင့် ပါး ရှေ့ မလာချင်တာ။ တွေ့တာနဲ့ ဆူဖို့ပဲ။ သား အသက် ၂၀ ပြည့်သွားပါပြီ။ ဒီလောက်တော့ ရှိမှာပေါ့။ သားက သား ဝါသနာပါတဲ့ ဆိုင်ကယ် မောင်းပြိုင်တာပဲ ရှိတာပါ။ ပါး တို့ မျက်နှာပျက်ရမယ့် ကိစ္စ မလုပ်ပါဘူး။'
' အေး မလုပ်သေးလို့ပဲ လွှတ်ထားပေးတာ။ ပြီးတော့ အဲ့ဒီ ငါတို့ သူငယ်ချင်းရဲ့ သားကို လက်ထပ်ဖို့ ပြောတာ ဘာဖြစ်လဲ။ သားမှာ ကြိုက်သလောက် ရည်းစားထား ပြီးရင် သူနဲ့ပဲ ယူရမှာ။'
' သား မယူချင်ဘူး။ တစ်ခါမှ တွေ့ဖူးတာလည်း မဟုတ်ဘူး။ ပြီးတော့ တောသားကြီး။'
' ဘာတောသားလဲ ... ချုံချင်းက တော ဖြစ်မလား။ ပြီးတော့ သူ့ အဖေက စစ်ဆေးရုံမှာ ဆရာဝန် သူ့အမေလည်း ဆရာဝန်ပဲ။ သူ့အမ ဆိုလည်း အင်ဂျင်နီယာ။ သူလည်း ဆေးကျောင်းတက်နေတာ။ ပြောရရင် ကိုယ့်ကလေးနဲ့တောင် တန်တာ မဟုတ်ဘူး။ သူတို့ကလည်း ပေးထားတဲ့ ကတိကြောင့်သာ သူတို့ကလေးနဲ့ သဘောတူတာ။ ဒါတောင် သား ခုလို ရည်းစားတွေ ထည်လဲတွဲပြီး ဆိုးသွမ်းနေတာ သူတို့ မသိသေးဘူး။'
' အဲ့ဒါဆိုလည်း ပြောပြလိုက်ပေါ့။ သားက သား နေတတ်သလို နေမှာပဲ။ ပြီးတော့ ဆရာဝန် မကလို့ ဘာဖြစ်ဖြစ် သားကတော့ မယူဘူးဆို မယူဘူးပဲ။'
YOU ARE READING
Falling in Fake ( Completed )