' ဝမ်ရိပေါ် !!!!!. ဘယ်သွားနေတာလဲ.'
' ငါ့အိမ် ခေါ်သွားမလို့လေ။'
' ဟာ ... ဘာလို့ သွားမှာလဲ။ မသွားဘူး အိမ်ပဲ ပြန်ပို့ပေး။'
' ဘာလို့လဲ .... မားက ကျောင်းဆင်းရင် မင်းကို ခေါ်ခဲ့ဖို့ ပြောထားတာ။ အိမ်မှာ ညစာ အတူစားကြမယ်တဲ့။'
' မလိုက်ဘူး။ ငါ့ကို အိမ်ပဲ ပြန်ပို့။ မဟုတ်လည်း ကား ရပ် ငါ့ဘာသာ ပြန်မယ်။'
' ဘယ်လို ပြန်မှာလဲ။ လန်ဟွား လည်း ပြန်သွားပြီဆို။'
' ကား ငှါးပြန်မယ်။ ရပ် ... ကား ရပ်ပေး။'
ဟွန့် ရပ်စရာလား။ မားက သူ့သားမက်လေးကို ခေါ်ခဲ့ဖို့ သေချာပြောထားတာ။
ရိပေါ် ရှောင်းကျန့်စကားကို လျစ်လျူရှုပြီး ကားပဲ ဆက်မောင်းလာလိုက်သည်။
ရှောင်းကျန့် သူ့အိမ် ပြန်တဲ့လမ်း မဟုတ်တာကြောင့် သူ့အိမ်နဲ့ ဘယ်လောက် ဝေးလာပြီလဲ မသိပါ။ စပ်ဖြီးဖြီးနဲ့ ကားမောင်းနေတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး တစ်ခုခု လုပ်ရမှာ ကျေနပ်မှာ ဖြစ်တာကြောင့် လက်တစ်ဖက် လွှတ်ပြီး ကား မောင်းနေတဲ့ ဝမ်ရိပေါ်ရဲ့လက်ကို ဆွဲယူလိုက်သည်။
' အားးးး ... ရှောင်းကျန့် ။ ဘာလို့ ငါ့ကို လာကိုက်တာလဲ။
အားးး နာလိုက်တာ။'
ရိပေါ် သူပြောတာကို ပြန်မပြောလာပဲ ငြိမ်သွားတဲ့ ရှောင်းကျန့်ကြောင့် စိတ်ထဲ ကြိတ်ပျော်နေတုန်း သူ့လက်ကို ဖြတ်ခနဲ လာဆွဲယူလိုက်ပြီး ကိုက်ခံလိုက်ရတာကြောင့် အော် သံ ထွက်သွားရသည်။
' ကိုက်မှာပဲ ... ဘာလို့ မပြောမဆိုနဲ့ အိမ်ခေါ်တာလဲ။'
' ဘာဖြစ်လဲ။ မား တို့နဲ့ မမြင်ဖူးတာလဲ မဟုတ်ဘူး။'
' မြင်ဖူးတိုင်း ခန ခန တွေ့ရမှာလား။'
' ပြီးကျ လက်ထပ်ပြီးရင် နေ့တိုင်းတောင် တွေ့ရအုံးမှာလေ။'
' မင်း ... အဲ့ဒါကို ခန ခန ပြောနေမှာလား။'
' ငါ ပျော်လို့လေ။ ငါ မင်းကို ဘယ်လောက်တောင် သဘောကျနေလဲဆိုတာ မင်း သိမှာ မဟုတ်ဘူး။ သိအောင်လည်း ငါ မပြောပြတတ်ဘူး။ ငါ သိတာ မင်းကို နေ့တိုင်း တွေ့ချင်တယ်။ စကားမပြောရလည်း မင်း မျက်နှာ မြင်ရရင်ကို ပြီးပြည့်စုံသွားတာမျိုး။
ESTÁS LEYENDO
Falling in Fake ( Completed )