Ep - 20

4.3K 266 0
                                    

' အန်တီ ရှောင် ၊ ဦးဦးရှောင် မောနင်း ...'

' အင်း မောနင်း သမီး။ သမီးက ကျောင်းသွားဖို့တောင် ပြင်ပြီးပြီ။

ကျန့်ကျန့်က ခုထိ မ ထ လာသေးဘူးလား။'

ရှောင်မား လန်ဟွားကိုလည်း ပြော သူ့ယောကျာ်းကိုလည်း မေးလိုက်သည်။

' ခုန ငါ ထ တော့ မနှိုးသေးဘူး။ စောနေသေးတော့ သူ့ကို မနှိုးတော့တာ။'

' ထပ်သွားကြည့်အုံး။ ခနနေ သား ရိပေါ်က လာခေါ်တော့မှာ။'

ကလစ် ...

ရှောင်ပါး သူ လာတော့ ကျန့်ကျန့်က အိပ်ယာထဲကနေကို မ ထ သေးတာ တွေ့လိုက်ရသည်။

' ကျန့်ကျန့် .... သား ...

ဟင် !!!! မျက်နှာတွေ နီ နေပါလား။ နဖူးလည်း နွေးနေတယ်။'

ရှောင်ပါး အနားလာပြီး နှိုးတော့မှ ကျန့်ကျန့်ရဲ့ မျက်နှာ နီနေတာကြောင့် နဖူးကို စမ်းလိုက်တော့ ကလေးက ဖျားနေမှန်း သိလိုက်သည်။

' မိန်းမ ... ကလေးက ဖျားနေတယ်။'

' ဟင် !!!! ဟုတ်လား။ မနေ့ည ပြန်ရောက်တော့ ရေ ထပ်ချိုးလိုက်သေးလား။'

လန်ဟွားလည်း ရှောင်း ဖျားနေတယ် ဆိုပြီး လာပြောတဲ့ ရှောင်ပါး ကြောင့် ငါတို့ ရှောင်း ဒီတစ်ခေါက် heat ဖြစ်တာ ဖျားတောင် ဖျားတယ်ဆိုတော့ တော်တော် ပင်ပန်းခဲ့မယ် ထင်တယ်။

' ချိုးတယ်လေ။ မနေ့ည သူ့ပုံစံက ဘာမှ မှ မဖြစ်တာ။ ငါလည်း ပေးချိုးလိုက်တာပေါ့။'

' ရှင်နဲ့တော့ ဒုက္ခပါပဲ။ ကလေးက heat ဖြစ်ထားတော့ ဂရုစိုက်ရမယ်လေ။

ကဲ .... ရှင် သားအတွက် ဆန်ပြုတ်လာ ပြုတ် ကျမ သွားကြည့်လိုက်မယ်။'

အမ် ... ရှင် ကလေး သွားကြည့် ကျမ ဆန်ပြုတ် ပြုတ်လိုက်မယ် မဟုတ်ဘူးလား။

လန်ဟွား အန်တီရှောင်ပြောတာကို ကြောင် ပြီး ရပ်နေတဲ့ ဦးဦး ရှောင်ကို ကြည့်လိုက်ပြီး .....

' ဦးဦး ရှောင် ... သမီးပဲ လုပ်ပေးလိုက်မယ်။ ရှောင်းကို သွားကြည့်လိုက်ပါ။'

' ဟေ ... အေး အေး။ ဒါဆို သမီး ပဲ လုပ်ပေးလိုက်တော့။'

' ဟုတ် ...'

Falling in Fake  ( Completed )Where stories live. Discover now