Ep - 22

3.9K 249 0
                                    

' ဂွီ .... ဂလွီ .....

အာ ..... ဘာလဲကွာ။ ဒီချိန်ကြီးကျမှလား !!!!.'

ရှောင်းကျန့် ညစာ မစားပဲ အိပ်လိုက်တာကြောင့် ညလယ်ခေါင်ကြီး ဗိုက်ဆာလာလို့ နိုးလာရခြင်း ဖြစ်သည်။

ရှောင်းကျန့် မျက်လုံးဖွင့်လိုက်မှ ရိပေါ် မီးဖွင့်ပြီး အိပ်မှန်း သိလိုက်ရသည်။ သူ့ဘေးက ဝမ်ရိပေါ်ကတော့ အသက်ရှူ မှန်မှန်နဲ့ အိပ်ပျော်နေတယ်။

ရှောင်းကျန့် ဘာမှ မစားရရင်တော့ ပြန်အိပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိနေတာကြောင့် စောင်ကို အသာလှပ်လိုက်ပြီး ထ လိုက်သည်။

' အင်း ... ဟင် !!! ပေါင်ပေါင်း ...'

' အဟင်းးး'

ရှောင်းကျန့် ကုတင်ပေါ်က ခြေချရုံ ရှိသေး နှိုးလာတဲ့ ရိပေါ်ကြောင့် ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

' ဘယ်သွားမလို့လဲ ....'

' ငါ ဗိုက်ဆာလို့ နှိုး လာတာ။ အဲ့ဒါ မုန့်ဖြစ်ဖြစ် သွားစားမလို့။'

' ဪ ... ငါ့ကို မနှိုးလိုက်ပဲနဲ့။ အခု ငါ မနှိုးရင် တစ်ယောက်တည်း ဆင်း သွားမလို့လား။'

' ရိပေါ်က အိပ်ပျော်နေတော့ မနှိုးချင်လို့ပါ။'

ရိပေါ် ထ လိုက်ပြီး စားပွဲပေါ်က တင်ထားတဲ့ မုန့်ကို သွားယူလာလိုက်သည်။

' ရော့ ... ဒီမှာ မားက ပေါင်ပေါင်း ညကျ ဆာရင် စားရအောင်ဆိုပြီး မုန့် ယူလာခိုင်းထားတယ်။ ဒါလေး စားထားလိုက်။'

ရှောင်းကျန့် ကြည့်လိုက်တော့ သူ စားနေကျ ဘီစကစ် ဖြစ်နေတာ တွေ့လိုက်ရသည်။

' ဘယ်သွားအုံးမလို့လဲ ...'

ရိပေါ် သူ့လက်ထဲက မုန့်ကို ယူပြီးတာတောင် ကုတင်ပေါ်က ဆင်းဖို့ ပြင်နေတာကြောင့် လက်ကို ပြန်ဆွဲပြီး မေးလိုက်ရသည်။

' စားပွဲမှာ သွားထိုင်စားမလို့လေ။ အိပ်ယာပေါ် စားရင် အမှုန်တွေ ကျလိမ့်မယ်။'

' ဘာမှမဖြစ်ဘူး ဒီမှာပဲ စား။ အေးနေမယ်။'

ရှောင်းကျန့် ရိပေါ်နဲ့ စကားနိုင်လုနေရင် စားဖြစ်မှာ မစုတ်သည့်အတွက် အိပ်ယာထဲမှာပဲ ထိုင်စားနေလိုက်သည်။

Falling in Fake  ( Completed )حيث تعيش القصص. اكتشف الآن