Ep - 27

3.8K 232 0
                                    

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံး သွားခဲ့တာ အခုဆို ကျောင်းသားတွေ ရောက်လည်း ရောက်ချင် မရောက်လည်း မရောက်ချင်တဲ့ နှစ် အဆုံးရဲ့ စာမေးပွဲ ဖြေဆိုချိန် ရောက်နေပြီ ဖြစ်သည်။

' ပေါင်ပေါင်း အတန်းရှေ့မှာ စောင့်နေမယ်နော်။'

' ရိပေါ်ကလည်း အဲ့လောက် မလိုပါဘူး။ ကားထဲ မှာပဲ စောင့်ပါ။ ၃ နာရီ တောင် ဖြေရမှာ ရိပေါ် ပျင်းနေလိမ့်မယ်။'

ရိပေါ်က သူတို့ မေဂျာဖြေပြီးလို့ အခု သူ စာမေးပွဲဖြေတဲ့ အခန်းရှေ့ထိ လိုက်စောင့်ပေးမယ်ဆိုလို့ ပြောနေရခြင်းဖြစ်သည်။

အခုက စာမေးပွဲ ဖြေချိန်မို့ ကျောင်းသားတွေ ကိုယ့်စာကိုပဲ အာရုံစိုက်နေရလို့သာ မဟုတ်ရင် ရိပေါ် ဂရုစိုက်ပုံနဲ့ဆို သူတို့ လက်ထပ်ထားပြီး သူ ကိုယ်ဝန် ရှိနေတယိဆို တစ်ကျောင်းလုံး သိလောက်တယ်။

' မပျင်းပါဘူး ဂိမ်းဆော့လို့ ရတာပဲ။ ငါ ... ပေါင်ပေါင်း ကို စိတ်မချဘူး။ ဟိုနေ့ကတောင် ဗိုက်အောင့် တာမျိုး ဖြစ်ချင်နေသေးတယ်မလား။'

' အဲ့ဒါ လေအောင့် တာလို့ ပြောတာကို ရိပေါ် ချက်ချင်း ဆေးခန်း ခေါ်သွားတာပဲလေ။'

' အင်း အဲ့ဒါကြောင့် ပေါင်ပေါင်း တစ်ခုခု ဖြစ်ရင် ချက်ချင်း သိရအောင် လိုက်စောင့်မှာ။'

' ဟုတ်ပြီ။ ဟုတ်ပြီ။ ပြောမရလည်း လိုက်စောင့်။ သူများ စာမေးပွဲ အခန်းရှေ့မှာ ဂိမ်းဆော့ပြီး လျှောက်အော် မနေနဲ့နော်။'

' ငါ သိပါတယ်။'

ရိပေါ် ပေါင်ပေါင်း ဖြေရတဲ့ အခန်းရှေ့မှာ ထိုင်စောင့်ချင်ပေမယ့် အခန်းစောင့် ဆရာက ဝေးဝေးမှာ သွားစောင့်ခိုင်းလိုက်တာကြောင့် ဝမ်ရိပေါ် တစ်ယောက် မျက်နှာကို လ ငပုပ်ဖမ်းသလို လုပ်ပြီး ဝေးဝေးမှာ သွားစောင့်လိုက်ရသည်။

~~~~~~~~~~

' ရိပေါ် မားကတ် ဝင်ပြီးမှ ပြန်ရအောင် ....'

' ပေါင်ပေါင်း ဘာလိုချင်လို့လဲ။'

' အင်း ခုမှ လေဖောင်း အထုပ်နဲ့ အာလူးကြော်တွေ စားချင်လာလို့။ ပြီးတော့ အိုဗာတင်းကို အလုံးလိုက်လေး အခဲလုပ်ထားတဲ့ဟာရော ချောကလက် ဝေဖာရော၊

Falling in Fake  ( Completed )Unde poveștirile trăiesc. Descoperă acum