Ep - 2

5.2K 407 8
                                    

' ဟေး ... ရှောင်း ငါ ဒီမှာ။'

' ဘာလုပ်နေတာလဲ ဒီမှာ။'

' နင့် စောင့်နေတာလေ။ ဘာလို့ နောက်ကျနေတာလဲ။'

' မနေ့ည အိပ်တာ နောက်ကျသွားလို့။ အိပ်ရာထ လည်း နောက်ကျသွားတာ။'

' ဘာလဲ .... ကောင်လေး အကြောင်း စဉ်းစားနေတာလား။'

' စဉ်းစားရအောင် ရုပ်တောင် မမြင်ဖူးဘူး။'

' ဟင် .... နင် သူ့ကို မမြင်ဖူးဘူးလား။'

' အင်း။ သူလည်း ငါ့ကို မသိလောက်ဘူး။ သူ့ဘက်ကလည်း ငါ့ကို ငြင်းနေတာတဲ့။'

' ဘာ ..... အဲ့ကောင် Alpha ဖြစ်ပြီး ကျပ် မပြည့်ဘူးထင်တယ်။ နင့်လို ရှားရှား ပါးပါး အရမ်းလှတဲ့ Omega ကို ငြင်းနေတာဆိုတော့။'

' သူမှ ငါ့ကို မမြင်ဖူးတာ။ ကဲ ... ငါ့ကို အကြံဥာဏ် ပေးမယ်ဆိုတာသာ ပြောပါ။'

' နင် သူ့အကြောင်း သိချင်ရင် သူနဲ့ အနီးကပ် သွားနေမှပဲ သိရမှာလေ။'

' ဒါဆို ငါက ပေကျင်း ထိ သွားရမှာပေါ့။'

' အင်းပေါ့။ နင့်ဘက်က မငြင်းချင်ဘူးမလား။'

' မငြင်းချင်ဘူးလို့လည်း မဟုတ်ဘူး။ ငါ ပြောသလိုပဲလေ ပါး နဲ့ မားက ကတိပေးထားပြီးသား ဖြစ်နေတယ်လို့။ ကျဲကျဲ ကျတော့ စောစောစီးစီး အိမ်ထောင်ပြုသွားပြီလေ။'

' အေးပါ။ အဲ့ဒါကြောင့် နင် သူ့အကြောင်း သိချင်ရင် ငါ ပြောသလို လုပ်ဖို့ပဲ ရှိတယ်။'

' ငါ့အိမ်က ငါ့ကို ပေးသွားပါ့မလား။'

' နင် မငြင်းမှာထက် စာရင်တော့ သူတို့ မတားဘူးလို့ ထင်ရတာပဲလေ။'

' သွားတာက ဟုတ်ပြီ။ ခဏလေး အတွင်းနဲ့ သူ့အကြောင်း အကုန် မသိနိုင်ဘူးလေ။'

' အင်း ကျောင်းပါ ပြောင်းသွားရမှာ။'

' ဘယ်လို .... အဲ့ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပါး နဲ့ မား ခွင့်ပြုမှာ မဟုတ်ဘူး။'

' ဒါဆိုလည်း တကယ်လို့ လက်ထပ်မယ့်ချိန်ကျမှ မြင်ရပြီး ရုပ်ဆိုးဆိုး အသားမည်းမည်း ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။'

Falling in Fake  ( Completed )حيث تعيش القصص. اكتشف الآن