Ep - 8

4.6K 401 4
                                    

' ရှောင်းကျန့် !!!!.'

' ဖယ် ... ဝမ်ရိပေါ်။'

' မင်း ဘာလို့ ငါ့ကို ရှောင်နေတာလဲ။'

' မင်းကသာ ငါ သွားတဲ့ လမ်းကြောင်း လာပြီး ပိတ်နေတာလေ။ အဲ့ဒါကြောင့် ဖယ်ခိုင်းရတာ။ ရှောင်တာ မဟုတ်ဘူး။'

' မရှောင်ဘူးဆို လိုက်ခဲ့ ....'

' အ .... ဝမ်ရိပေါ် ငါ့လက်ကို လွှတ် ...'

' ရှောင်းကျန့် !!!!. ဝမ်ရိပေါ် မင်း ရှောင်းကျန့်ကို ဘယ်ခေါ်သွားမလို့လဲ။'

' ဟေး ...

ဟေး .... အေးဆေး နေလိုက်ပါ။ မင်း သူငယ်ချင်း Alpha ကို ရိပေါ်က ဘာလုပ်နိုင်မှာမို့လဲ။'

' ဟျောင့်တွေ ငါ့ကို လွှတ် ...'

ရိဖုန်း ဝမ်ရိပေါ် ဆွဲခေါ်ရာပါ ယက်ကန် ယက်ကန် ပါသွားတဲ့ ရှောင်းကျန့် နောက်ကို လိုက်မလို့ လုပ်တုန်း သူ့ကို တစ်ဖက်စီမှာ လာချုပ်ထားတဲ့ ဝမ်ရိပေါ် သူငယ်ချင်း နှစ်ယောက်ကြောင့် သူ့ မြင်ကွင်းကနေ ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ပျောက်ကွယ်သွားတာကို ဒီတိုင်း ကြည့်နေလိုက်ရသည်။

' ဒုန်း ...'

ရှောင်းကျန့် ဝမ်ရိပေါ် သူ့ကို အခန်းလွှတ် ထဲ ဆွဲခေါ်လာပြီး တံခါး ဒုန်း ခနဲ ပြန်ပိတ်လိုက်တဲ့ အသံကြောင့်ကိုယ်က တုန်ခနဲ ဖြစ်သွားရတယ်။ သူက Alpha မှ မဟုတ်ပဲ။

' ထိုင် ...'

' ဟင့်အင်း မထိုင်ဘူး။ မင်း နဲ့ ငါ ပြောစရာ မရှိဘူး။'

' ငါ ... ရှိတယ်။ ငါ ကောင်းကောင်း ပြောနေတုန်း ထိုင်ဆို ထိုင်လိုက်။'

ရှောင်းကျန့် တကယ်လို့ သူ နားမထောင်ပဲ ဆက်တင်းခံနေရင် ဝမ်ရိပေါ် သူ့ pheromones ထုတ်ပြီး ဖိအားပေးလာမှ သူက Omega ဆိုတာ အလိုလို ဝန်ခံပြီးသား ဖြစ်သွားမှာ။

ရိပေါ် ခုံမှာ တွန့်ဆုတ် တွန့်ဆုတ် နဲ့ ထိုင်လိုက်တဲ့ ရှောင်းကျန့်ကို ကြည့်လိုက်ပြီး နှာခေါင်းက လေထွက်ရုံ ရယ်လိုက်တယ်။

' ဘာပြောမှာလဲ။ မြန်မြန်ပြော။ ငါ အတန်းချိန် ရှိတယ်။'

' ခုန မင်း ဘာလို့ ကန်တင်းက ထွက်လာတာလဲ။'

Falling in Fake  ( Completed )Where stories live. Discover now