Ep - 3

4.9K 399 10
                                    

' ဝေး ... ရွှီ ... ရွှီ .... Alpha Wang !!! Alpha Wang !!!.'

' ဟက် ....'

ရိပေါ် သူတို့ ဆိုင်ကယ် ပြိုင်ကွင်းမှာ သူ့ နာမည်ကို အော် ပြီး အားပေးနေတဲ့ Omega ကောင်မလေးတွေ ရော Alpha ကောင်မလေးတွေကိုရော ကြည့်ပြီး အဲ့ဒါ ငါပဲ ဆိုတဲ့ အပြုံး ပြုံးလိုက်သည်။

' ဟေ့ ... ဝမ်ရိပေါ် မင်း ဒီနေ့လည်း ခါတိုင်းလို နိုင်မယ် ထင်နေလား။'

ရိပေါ် ဒီနေ့ သူနဲ့ပြိုင်မယ့် သူ့ ပြိုင်ဘက် ဖြစ်တဲ့ လိန်ဖုန်း ကို တစ်ချက်ကြည့်လိုက်ပြီး ....

' မင်း ငါ့ကို နိုင်ဖူးတဲ့ ပွဲရော ရှိလား။'

' ဟက် .... သိပ်အပြော မကြီးနဲ့ ။ ဒီနေ့တော့ မင်း ငါ့ကို နိုင်မှာ မဟုတ်ဘူး။'

' wo!!!!!! ဘာလို့ အဲ့လောက် သေချာနေတာလဲ။'

' ဘာလို့ဆို မင်း ရှုံးတော့မှာ သိနေလို့ပေါ့။'

' ကဲ ... စကား မများနဲ့တော့ ဘာကြေးလဲ ပြောလိုက်။'

' ကြေးက အခု စီးနေတဲ့ ဆိုင်ကယ် ဆိုရင်ရော ...'

ရိပေါ် သူ့ ဆိုင်ကယ်ကို ကြည့်လိုက် လိန်ဖုန်း ရဲ့ ဆိုင်ကယ်ကို ကြည့်လိုက် လုပ်ပြီး ဟိုကောင်ရဲ့ ဆိုင်ကယ်ကို သိပ်မကြိုက်ပေမယ့် ရသွားတော့လည်း second hand စျေးနဲ့ သွားရောင်းစားလိုက်မယ်လို့ တွေးလိုက်သည်။

' ok Deal !!!!'

သူတို့ နှစ်ယောက် ဆိုင်ကယ် ဦးထုပ်ရဲ့ မှန်ကို ချလိုက်တာနဲ့ သူတို့ အဆင်သင့် ဖြစ်နေပြီဆိုတာ သိသည့်အလား သူတို့ ရှေ့ကို အချက်ပြမယ့် ကောင်မလေး တစ်ယောက် လာရပ်လိုက်သည်။

သူတို့ ရှေ့က ကောင်မလေးက လက်ထဲက ပုဝါစ တစ်ထည်ကိုင်ပြီး အသင့်ပြင် ဆိုတဲ့ ပုံစံနဲ့ သူတို့ နှစ်ယောက်ဆီကို တစ်ယောက်ချင်းစီ လက်ညိုးထိုးလိုက်သည်။

' ready !!!!!

Go !!!!!!.'

သူတို့နှစ်ယောက် ကောင်မလေးရဲ့ လက်ထဲက ပုဝါစ ကျသွားတာနဲ့ သူတို့ ဆိုင်ကယ် နှစ်စီး လေထဲ တရှိန်ထိုး ထိုးခွင်းသွားတော့သည်။

' Alpha Wang !!!!!

Alpha Wang !!!!!.'

' Alpha Zhang !!!!!

Falling in Fake  ( Completed )Onde histórias criam vida. Descubra agora