Ep - 9

4.7K 372 9
                                    

' အေး အေး ဟုတ်ပြီ။ ဒါဆို မနက်ဖြန်မှ တွေ့ကြမယ်လေ။

ဒီတစ်ခါတော့ သူတို့နှစ်ယောက်ကို မျက်နှာချင်းဆိုင် ပေးတွေ့လိုက်မယ်။

အဲ့ဒါတောင် ဘယ်လိုမှ မဖြစ်ဘူးဆိုတော့လည်း ငါတို့ အစီစဉ်ကို ပြန်စဉ်းစားကြတာပေါ့။'

' ......'

' အေး ။ ဒါပဲ ဒါပဲ။ ကားက ညနေ လား။'

' .......'

' ဟုတ်ပြီ။ ဟုတ်ပြီ။ ဒါဆို လမ်းမှာ ဂရုစိုက်လာအုံး။'

' မား !!!!!.

မား !!!!!!.'

ဝမ်မား ဖုန်းချ လိုက်တာနဲ့ အိမ်ထဲ မှာ သူ့ကို အော် ပြီး ရှာနေတဲ့ အသံကို ကြားလိုက်ရသည်။

' ဝမ်ဝမ် ဘာဖြစ်လာတာလဲ။'

' မား ... သားကို ဟိုတစ်ယောက်နဲ့ အမြန်ဆုံး လက်ထပ်ပေး။'

' ဟမ် ... ဘယ်တစ်ယောက်လဲ။'

' အာ ... မားတို့ သူငယ်ချင်းရဲ့ သား နဲ့လေ။'

ဝမ်မာ အတည်ကြီး ပြောနေတဲ့ သူ့သား ကို ကြည့်ပြီး ဘာတွေ အကွက် ရွှေ့ချင်နေပြန်ပြီလဲ လို့လည်း တွေးလိုက်သည်။

' ငြင်းလာတာ အသက်တောင် ကြီးတော့မယ်။ ဘာလို့ အခုမှ ချက်ချင်းကြီး လက်ထပ်ချင်သွားတာလဲ။'

' ဟာဗျာ ... အရင်က လက်မထပ်ချင်တုန်းကကျ အတင်းပေးစားချင်နေပြီးတော့၊ အခု လက်ထပ်မယ် ပြောတော့လည်း မယုံင်္သကာနဲ့ ...

မသိဘူး မနက်ဖြန် သူ့ မား ပေကျင်းလာမှာတဲ့။ အဲ့ဒါ သားတို့ အိမ် ခေါ်ရင် ခေါ် မခေါ်ရင်လည်း သူတို့တည်းတဲ့ ဆီ လိုက်သွားပြီး သူ့ကို သွားတောင်းပေး။'

' အမ် ... ယွဲ့လင် ပေကျင်းလာမှာကို သားက ဘယ်လို သိတာလဲ။ မား တောင် ခုနမှ သူနဲ့ ဖုန်းပြောလို့ သိရတာ။'

ရိပေါ် ရှောင်းကျန့် ပေကျင်း ရောက်နေတဲ့ အကြောင်းကို ပါ ပြောပြလိုက်သည်။

' ဘယ်လို !!! ကျန့်ကျန့်က အခု သား တက်နေတဲ့ ကျောင်းမှာ တက်နေတယ် ဟုတ်လား။'

' ဟုတ်တယ်။ သားလည်း ဒီနေ့မှ သိတာ။ သူလည်း သားကို မမြင်ဖူး အကြောင်း မသိသေးပဲ လက်မထပ်ချင်လို့ သားကို လာလေ့လာတာတဲ့။ အဲ့ဦးနှောက်နဲ့ ဘယ်လိုလုပ် ဆရာဝန် လိုင်း ရလာတာလဲ မသိဘူး။'

Falling in Fake  ( Completed )Where stories live. Discover now