Part-1

11.9K 457 59
                                    


Still With Maung~

Dear...Maung~ လေးအရင်ဖတ်ပြီးမှဒီဟာလေးကိုဖတ်စေချင်ပါတယ်။Season-2 အရင်ဖတ်မိရင် အကုန်လုံးရှုပ်ထွေးသွားမှာဆိုးလို့ပါ။

Season -2 လေးပြန်လာခဲ့ပါပြီ။
Still With Maung~ ဆိုပြီးနာမည်လေးပေးထားပါတယ်။

အားလုံးစောင့်မျှော်နေတဲ့ Maung လေးကတဖန်ပြန်လာခဲ့ပြီ။
Season-2 မှာအချိုလေးတွေလာမှာပါ။

>>>>>>>>>>>>>>>>>>

(Season-2)

လာဗင်ဒါခင်းကြီးရဲ့လှပတဲ့နေဝင်ချိန်မှာအရှေ့တည့်တည့်ကနေ လျှောက်လှမ်းလာနေသည့်သူ။

" မောင်..."

Taehyung နှုတ်ခမ်းဖျားကနေထွက်မိသွားသည့် ထိုနာမ်စားလေး။

" မောင်... "

ထပ်ကာခေါ်မိသွားသည်။

လက်လေးဆန့်တန်းလာသည့် ထိုသူ။
Taehyung လက်လေးလည်း ဆန့်တန့်လျက်။

ပြုံးရွှင်နေတဲ့ သူ့မျက်နှာ။
သူရဲ့ခြေလှမ်းတွေကလည်း Taehyung နှင့်တဖြည်းဖြည်းနီးကပ်နေလေပြီ။

"မောင်..."

မောင်ဆိုတဲ့အသံလေးကြောင့်ထိုသူက Taehyung ကိုတစ်ချက်ကြည့်လိုက်သည်။
သို့သော်ကျော်သွားခဲ့သည်။

" Hallo Vrienden..."

Dutch(ဒက်ချ့်) ဘာသာစကားဖြင့် Hello My Friends လို့ပြောရင်းကျနော့်အနောက်မှာရပ်နေသည့် ကောင်လေးအုပ်စုလေးထံသို့ တည့်တည့်မတ်မတ် လျှောက်သွားခဲ့တယ်။
စကားတွေပြောရင်း သူရယ်မောနေတယ်။

ကျနော် ခန္ဓာကိုယ်တွေက လေဟာနယ်ထဲရောက်နေခဲ့သလို။
နှလုံးခုန်နှုန်းတွေကလည်း မြန်ဆန်နေသည်။

Taehyung အားတင်းကာ အနောက်လှည့်မိသည်။

အညိုရောင်ဆံရှည်တွေကိုတစ်ဝက်စီးထားသည့်သူ။ဂီတာအိတ်လေးကိုလည်း လွယ်ထားသည်။
လက်ပြတ်အင်္ကျီကိုဝတ်ထားတယ်။
ညာဘက်လက်မောင်းရင်းကနေမြင်နေသည့် တက်တူးတွေအပြည့်နှင့် သူ။

ဒါက ကျနော့်ရဲ့မောင်။
ကျနော် အမြင်မှားတာမဟုတ်ဘူး။

ကျနော်တို့နှစ်ယောက်လုံးအကြည့်ချင်းပြန်ကာဆုံသွားခဲ့တယ်။
သူ့ရဲ့မျက်ဝန်းတွေက အပြာအရောင်လေး။မျက်ကပ်မှန်တပ်ထားတာများလား။

Still With Maung~(Complete)Tempat cerita menjadi hidup. Temukan sekarang