မှောင်ရီ ပျိုးစအချိန်.....
အသံလုံ အခန်းကြီး...တခုထဲက.....မီးရောင် မှိန်မှိန်အောက်တွင်
လူတယောက်ကို ထိုင်ခုံမှာ လက်ပြန်ကြိုးတုတ်ထားပြီး...
နောက် ထပ်လူနှစ်ယောက်က ရပ်ကြည့်နေသည်..."မင်းကို ကောင်းကောင်းမေး တုန်းဖြေ...
မင်းကို ဘယ်သူ ခိုင်းလိုက်တာလဲ...."အသံသည် ဖြေးဖြေး အေးအေး လေးဆိုပေမဲ့...
မျက် ဝန်းအကြည့်တွေကတော့ သေပစ် လို့တောင်ရသည်..."Jimin ဖယ် ငါမေးလိုက်မယ်....."
ကြည့်နေရင် စိတ်မရှည်တော့တာမို့..
Jimin ကို ဖယ်ခိုင်းလိုက်ပြီး...
ထိုလူရှေ့ ရပ်ကာ အစက်မပျက် ထိုးကြိတ်နေသည်..."ဖြေစမ်း ...မဟုတ်ရင် ဒီနေရာတင် ဘဝကူးသွားမယ်...."
"မဖြေဘူး သက်ချင်သက်ပလိုက်..."
"ဘာ မင်း.....!!!"
ခွပ်....ခွပ်....ခွပ်....ထိုလူစကား အဆုံး ထိုလူထံ လက်တီး ချက် ပြင်းပြင်းတွေ ...
ထက် ကျရောက်လာတဲ့ အခါ...
ထို လူမျက်နှာ သည် သွေး တွေဖြင့် ရစရာပင် မရှိတော့..."တော်တော့ Jung သေသွားလိမ့်မယ်...."
Jimin အသံ လေး ကြားတော့မှ...
ထိုးနေတဲ့ လက်တွေ ရပ်လိုက်ကာ...
ထိုင်ခုံ တခုံ ပေါ်ပြန် ထိုင်ပြီး...
ထိုလူကို စူးစိုက် ကြည့်နေသည်..."မင်း အသက်မသေချင်ရင် ဖြေစမ်း....
ငါလဲ သိပ်စိတ်ရှည်တဲ့ အထဲမပါဘူး....."Jimin ဆံပင် ပန်းရောင်တွေကို....ထိုဖွလိုက်ပြီး...
ထိုလူကို စိက်ကြည့်ကာ ပြောတော့...
ထိုလူက သွေးတွေနဲ့ပင် Jimin ကို
မကြည်သလို ပြန်ကြည့်ကာ....
ကြိုး မတုတ် ထားတဲ့ ခြေထောက် နဲ့...
Jimin ကို လှမ်းကန် လာသည်....
သို့ပေမဲ့ မထိ Jimin က သိပ်လျင်တာမို့ ရှောင်လိုက်သည်..."မင်းက များငါ့ကိုကန်......."
ဒိုင်း......
ထိုးတော့ မဲ့ Jimin လက်တွေ လေထဲ ရပ်တန့်သွားခဲ့သည်
အဘယ်ကြောင့်ဆို ကျည်ဆံတတောင့်က
ထို လူ ဦးခေါင်းကို ထိုးဖောက် သွားခဲ့ချေပြီ....ထို့နောက် ကျည်ဆံ လာရာကို ကြည့်လိုက်တော့....
"Jung....မင်းဘယ်လို လုပ်လိုက်တာလဲ...."
YOU ARE READING
' စေရင် '
Fanfictionမင်း 'စေရင်'...သံသရာ အဆက်ဆက် အထိ... ဖြည့်စည်း ပေးချင်တဲ့သူပါ...။