Ep-7

530 68 17
                                    

မနက်မိုးလင်းစပြုလာ အခါ...ရင်ခွင်ထဲက
ကိုယ်ငယ် လေးဟာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်...

"ရေ......ရေ......"

ခြောက်သွေ့နေတဲ့ နှုတ်ခမ်း ထူထူလေးက
အသံ ခပ်တိုးတိုးလေး ထွက်တော့...
Jung နိုးလာခဲ့သည်......

"ရေသောက်ချင်လို့လား......."

ရင်ခွင်ထဲက Jimin ကိုကြည့်ကာ မေးတော့...
ခေါင်းကို ဖြေးညင်းစွာ ညိမ့်ပြလာသည့် Jimin...

ထိုအခါ ရင်ခွင်ထဲက ဖြေးဖြေး လေးထုတ်ကာ
လက်မောင်း ပေါ်က ခေါင်းလေးကို ဖွဖွလေးမှပြီး...
ကုတင်ခေါင်းရင်းကို ခေါင်းအုံးလေး ထောင်လိုက်သည်.......

"ဖြေးဖြေး...လေးမှီ...."

Jimin လက်မောင်းကနေ ခပ်ဖွဖွကိုင်ရင်း...
ထူပေးလိုက်ပြီး မှီစေလိုက်ကာ....
စာပွဲပေါ်က ရေဘူးထဲက ရေကိုဖန်ခွက်လေးထဲ ထည့်လိုက်သည်

"ရတယ် ငါတိုက်မယ်...."

ဖန်ခွက် ကိုင်ရန် လက်လှမ်းလာ တဲ့
Jimin လက်လေးကို ပြန်ချစေလိုက်ပြီး.....
နှုတ်ခမ်း နားထိ ဖန်ခွက်လေးကို တိုးပေးကာ...

"ဖြေးဖြေး.... သောက်နော်....."

ခန္ဓာကိုယ် ပေါ် ရေကျမှာ စိုးတာကြောင့်...
လက်လေးခံ ထားပြီး တယုတယ နဲ့ ...
ပြုစုနေတာ.....တအိမ်တော်လုံးက
ကြောက်ရတဲ့......သခင်လေး Jung ပင်...

"တော်ပြီလား....."

"အွန်း......"

Jimin ခေါင်းလေး အသာငြိမ့်ပြတော့မှ...
ဖန်ခွက်လေးကို စာပွဲပေါ် ပြန်တင်လိုက်ပြီး.....
Jimin နားလေးကိုတိုး လာခဲ့သည်....

"ဘယ်နား နာနေ သေးလည်းဟင်......"

"ဟင့်.........ဟင့်....."

ရုတ်တရက် ထငိုတဲ့....Jimin ကိုလဲမြင်ရော..
Jung ပြာယာ ခက်သွားခဲ့ပြီး.....
Jimin လက်လေးကိုကိုင်လိုက်တော့....
လက်လေးတွေ ပူ နေသည်.......

"နေလို့ မကောင်းလို့လား ဘာလို့လဲ ဘယ်နားနာလို့လဲ...
Jimin ပြောလေ ....ငါ ဆရာဝန်ခေါ်ပေးရမလား....."

"ဟင့်......ဟင့်....."

Jimin ဘာမှ ပြန်မပြောဘဲ  ငိုသာငိုနေသည်....

"Jimin ပြောလေ .....ငါ စိတ်ပူလွန်းလို့...ရူးလိမ့်မယ်....
ပြောနော် ဘာဖြစ်လို့လဲ.....ခေါင်းကိုက်လို့လား....ဟင်....."

' စေရင် 'Where stories live. Discover now