Ep-10

399 68 17
                                    

မနက် မိုးစင်စင် လင်းလာတော့...
တစ်ညလုံး ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက် အိမ်ပျော်နေတဲ့
ပန်းရောင် ပန်းချီကားလေးကို ကြည့်ရင်း ပြုံးကာ...
ပါးမို့မို့ လေးကို နှာခေါင်းလုံးလုံးလေး နှင့်ဝင်သွားတဲ့အထိ နမ်းလိုက်ပြီး

"မွှေးနေတာဘဲ....."

ထိုအခါမှ Jimin မျက်လုံးလေးတွေ ပွင့်လာပြီး...
နမ်းခံလိုက်ရတဲ့ ပါးလေးကို ကိုင်ကာ...

"စောစောစီးစီး.....ဘာလုပ်တာလဲ...."

"နမ်းတာလေ.....မသိလိုက်လို့လား....
လာ... လာ...မောင် ပြန်နမ်းပြမယ်....."

Jung ပြောရင်း မျက်နှာနား တိုးလာတော့...
Jimin က ပါးလေး နှစ်ဖက်ကို
လက်သေးသေးလေး နှစ်ဖက် နဲ့ အုပ်ထားလိုက်ရင်း

"မနမ်း နဲ့ မျက်နှာလဲ မသစ်ရ......"

"မှ..."

စားတွေပင် မဆုံးလိုက်....ဆူထွက်လာတဲ့...
Jimin နှုတ်ခမ်းချွန်ချွန်လေးကို နမ်းပစ်လိုက်သည့် Jung ကြောင့်
မျက်စောင်းလှလှလေး Jung ထံကျရောက်လာသည်...

"မောင်...!"

"ဗျာ...."

မျက်စောင်းလေး ထိုးကာ ခပ်ဆက်ဆက်လေး ခေါ်လာတဲ့
Jimin ကိုကြည့်ကာ......
သွားတွေပေါ်အောင်အထိ ပြုံးရင်း Jung က ထူးတော့...

"လူဆိုးကောင်...."

"ဆိုးလို့လား မောင်က..."

"ဆိုးတယ်.....အများကြီးကိုဆိုးတာ...."

"Jimin လောက်တော့ မောင်မဆိုးပါဘူးနော်..."

"ဆိုးတယ် ဘာဖြစ်လဲ မချစ်လဲနေလေ ...."

"ဟော ကြည့်ပြောရင်း နဲ့ ဆိုးနေပြန်ပြီ....
ချစ်ပါတယ်....ဆိုးလဲ ချစ်တယ် ဟုတ်ပြီလား..."

ပါးဖောင်းဖောင်းလေးကို ဖွဖွလေး ဆွဲကာပြောတော့...
Jimin ကျေနပ်စွာ ခပ်လှလှလေး ပြုံးလာသည်...

"ဒါနဲ့...မောင် Jimin ကို မေးစရာရှိတယ်...."

"အွန်း မေးလေ...."

"Jimin မနေ့ညက ငိုရအောင်အထိ ဖြစ်ခဲ့တဲ့...
အကြောင်းလေးတွေကို မောင့်ကို ပြောပြချင်လား..."

သေချာပေါက်ပြောပြရမယ် ဆိုတဲ့ ပုံစံမျိုးမဟုတ်
Jimin အဆင်ပြေမှ ပြောပြဆိုတဲ့ ပုံစံမျိုးလေး
Jung ဟာသိပ်ချစ်ပြတတ်လွန်းပါသည်

' စေရင် 'Tempat cerita menjadi hidup. Temukan sekarang