Ep-5

553 64 13
                                    

'စေရင်´

(5)

ဆိုးလ်မြို့ အနှံ့မွှေနှောက် ရှာခဲ့တုန်း ကတော့ မတွေ့ဘဲ...
မထင်မှတ် ထားတဲ့ အချိန်မှ တွေ့လိုက်ရတဲ့အခါ...
Jimin...ဟက် ကနည်း တချက်ရီပြီး....
ဆိုဖာ ပေါ်  ထိုင်ချလိုက်သည်....

"ဒယ်ဒီ နဲ့ မာမီ .....ဒါ
သမီး ကို အိမ်လိုက်ပို့ ပေးတဲ့...အကို
အကို လိုက်ပို့ ပေးလို့ မဟုတ်ရင် သမီး အသက် မတွေးဝံ့စရာဘဲ
အကို့ နာမည်က Park Jimin တဲ့...."

Jimin နာမည် ကြားတဲ့ အခါ.....
နစ်ယောက်လုံးရဲ့ မျက်အိမ်တွေ လှုပ်ခတ် သွားတာကို
Jimin သတိထားမိလိုက်သည်....

ဒါဘဲလေ Park Jimin နာမည်ကြားလိုက်တာနဲ့
သေချာပေါက် တုန်လှုပ်ရမှာပေါ့....

"တွေ့ရသာ ဝမ်းသာပါတယ် ဦးလေး နဲ့ အန်တီ...."

ခပ် ပြုံးပြုံးလေး ဖြင့်.....
ကြည့်ကာ ပြောတော့...အဲဟွန်း အဖေ...
မျက်မှောင်ကြုတ် လာခဲ့သည်.....
ပြီးမှ ပိုက်ဆံ အိတ်ထဲက ပိုက်ဆံ တထပ်လိုက်ကို
ယူကာ Jimin အရှေ့ ထိုးပေးလာသည်...

"သမီး ကို လိုက်ပို့ပေးလို့ ပေးတာ...ယူလိုက် .."

"ဒယ်ဒီ...."

အဖေ ဖြစ်သူရဲ့ လုပ်ရက်ကို ကြည့်ကာ...
အဲဟွန်း မျက်လုံးပြူး သွားခဲ့သည်...
သို့ပေမဲ့ Jimin ကတော့ ခပ်ပြုံးပြုံးလေး ပင်...

"ဒီလောက်ဘဲလား.....
ဦးလေး သမီး အသက်က ဒီလောက်ဘဲ တန်တာလား..."

ပိုက်ဆံ တထပ်ကို ကြည့်ကာ....
မဲ့ ပြုံးလေး ပြုံးကာ ပြောလိုက်တော့....
အဲဟွန်း အဖေ နဲ့ အမေ ရဲ့ မျက်နှာတွေ
ဒေါသ ရိပ် သန်းလာခဲ့သည်....

"ဒီမှာ ကောင်လေး....မင်း ငါ့တို့အိမ်ပေါ်ထိ
တက်ပြီး ငါတို့ကို စော်ကားနေတာလား...."

"ဘယ်သူက အရင်စော်ကားတာလဲ.....
ကျုပ်က စေတနာနဲ့ အန်တီတို့ သမီးကို
လိုက်ပို့ပေးတာလေ အ့တာကို ပိုက်ဆံပေးပြီး...
စော်ကားတာ ဘယ်သူတွေလဲ...."

"ဒါဆိုလဲ ခု ပို့ပြီးပြီ မလား ပြန်လို့ရပြီ....."

"မာမီ...."

"နေစမ်း သမီး........
သမီး ဘယ်လို ဟာတွေကို အိမ်ပေါ် ခေါ်တင်လာတာလဲ ဟမ်
ရိုင်းစိုင်းလိုက်တာ....."

' စေရင် 'Where stories live. Discover now