မောင်ဟာတကယ်ပဲ ပြန်မလာခဲ့ဘူး
ရန်ဖြစ်ခဲ့တဲ့နေ့ အဲ့နေ့က မောင့်မျက်နှာကို
နောက်ဆုံးအကြိမ် တွေ့ခဲ့ရခြင်းပဲ။"မင်းတို့နှစ်ယောက် အဲဟွန်းတို့မိသားစုနောက်
နောက်ယောင်ခံလိုက်စရာ မလိုတော့ဘူး
မနက်ဖြန်ကစပြီး ငါ့စီလဲ လာစရာမလိုတော့ဘူး
မင်းတို့ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့အလုပ်လုပ်တော့"" ဟုတ်ကဲ့ပါ လက်ထောက် ဒါဆို ပြန်လိုက်ပါဦးမယ် "
ထိုလူနှစ်ယောက်ဟာ ချက်ခြင်းထရပ်လိုက်ပြီး
တံခါးပေါက်စီ လျှောက်လာခဲ့သည်။"နေအုန်း တစ်ခုတော့ရှိတယ်
ငါ့စီကသတင်းတွေ တခြားလူစီရောက်တဲ့နေ့
မင်းတို့နှစ်ယောက် ဘဝကူးတဲ့နေ့ပဲ
အဲ့တာကို မြဲမြဲမှတ်ထား""စိတ်ချပါ ဘယ်သူ့ကိုမှ မပြောပါဘူး"
"သွားတော့"
ထို့လူနှစ်ယောက် လဲ အခန်းထဲက
ထွက်သွားရော ထိုင်နေရာမှ ထရပ်လိုက်ပြီး
အိပ်ယာခေါင်းရင်းနား သွားကာ
ခေါင်းအုံးကိုဖယ်ပြီး နောက်နံရံစီ ကျောကပ်ထိုင်လိုက်သည်
ပြီးမှ အိပ်ယာ ဘေးစားပွဲခုံပေါ်က ဆေးလိပ်ဘူးထဲ
တလိပ်ယူကာ မီးညှိလိုက်ပြီး ခပ်ပြင်းပြင်းတချက်
ရှိုက်သောက်ကာအငွေ့တွေကို ဖြေးဖြေးချင်းထုတ်လိုက်သည်။ထို့နောက် မျက်လုံးတွေကို မှိတ်ထားလိုက်သည် ။
အချိန်တွေ တဖြေးဖြေး ကုန်လာတော့
အခန်းထဲ တိတ်ဆိတ်နေခြင်းကြောင့် နာရီလက်တံရဲ့
ရွေ့လျားသံ တချက်တချက်တိုင်းကို အတိုင်းသားကြားနေရသည်။ဆေးလိပ် တလိပ်ပြီး တလိပ် သောက်ရင်း
တဝက်ကျော်ရှိတဲ့ ဆေးလိပ်ဘူးထဲတလိပ်သာ ကျန်တော့
နောက်ဆုံး ကျန်တဲ့ တလိပ်ကို ယူလိုက်သည်။"လျော့သောက်လို့ ပြောလဲမရဘူး
မောင့်စကားဆို မင်းဘယ်တော့မှ နားမထောင်ဘူး"ရုတ်တရက် ကြားနေကျ အသံတချို့ ခေါင်းထဲဝင်လာတော့
ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး လက်ထဲက
နောက်ဆုံးကျန်တဲ့ တလိပ်ကို မီးညှိလိုက်သည်။" ဘယ်သူက ပိုနေနိုင်လဲ ကြည့်ရသေးတာပေါ့ "
စကားတစ်လုံးခြင်း ပီပီသသ ပြောကာ
လက်ထဲက မီးရဲနေတဲ့
ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေထည့်လိုက်သည်။
ထို့နောက် ဘေးက ဖုန်းကိုကောက်ကိုင်လိုက်ပြီး
နံပါတ် တစ်ခုကို နိတ်လိုက်သည် ။
ဖုန်းကောလေး ဝင်သွားသည်နှင့် တဖက်ကဖုန်းတန်းကိုင်လာသည်။
YOU ARE READING
' စေရင် '
Fanfictionမင်း 'စေရင်'...သံသရာ အဆက်ဆက် အထိ... ဖြည့်စည်း ပေးချင်တဲ့သူပါ...။