ပြိုင်ကား အမဲလေး ပေါ် Jimin ကို ဆွဲ တင်ကာ....
Jung က မောင်းသူ နေရာ ဝင်ထိုင်လိုက်ပြီး...
ကွန်ဒို တိုက်ခန်းစီသို့....ကားလေးကို အရှိန်တင်ကာ......
ဦးတည် ခဲ့လိုက်သည်.....မိနစ် အနည်း အတွင်း.....ကား လေးသည်...
ကွန်ဒို တိုက်ခန်းရှေ့သို့ ထိုးရပ်လာခဲ့သည်...
ထို့နောက်...အခန်း ငယ်လေး ထဲ...
နှစ်ယောက် လုံးဝင် ဝင်လာခဲ့ကြသည်..."ထိုင်နေ့... အိပ်ယာပေါ် ငြိမ်ငြိမ်လေး....."
အမိန့်ပေးတာမျိုး မဟုတ်ပေမဲ့......
သေချာပေါက် လိုက်နာ စေရန်.....
မျက်လုံးတွေက......ပြောပြနေသည်...Jimin လည်း အိပ်ယာ ခြေရင်း အဖျားပေါ်...
ခြေထောက်လေး ချကာ ထိုင်လိုက်တော့...."ဆေးတွေ ဘယ်နားမှာလဲ....."
"ဟို...အံဆွဲ ထဲမှာ...."
ခေါင်းရင်းနားက.....အံဆွဲကို မေးငေါ့ ပြလိုက်တော့...
Jung ချက်ချင်းသွားလိုက်ပြီး.....
အံဆွဲ ကိုဖွင့်ကာ...လေးထောင့် ဆေးဘူး လေးကို...
ယူကာ.....ထိုင်ခုံလေးကို ဆွဲယူပြီး...
Jimin ရှေ့မှာ Jung ထိုင်လိုက်သည်..."အပေါ်ထက် ချွတ်လိုက်...."
အပေါ် ဂျာကင် ကို ချွတ်ရန်ပြောတော့.....
Jimin မျက်မှောင်ကြုတ်ကာ...."မချွတ်ဘူး ....ငါ့ဘာသာ လိမ်းမယ်...."
"ကောင်းကောင်း လိမ်းပေးတာ ခံမလား....
ချုပ်ပြီးလိမ်း ပေးတာခံမလား ပြော....""မင်း......!!!"
"ထပ်စကားများရင်.....တကယ်လုပ်တော့မှာနော်...."
Jung ကပြောရင် ပြောတဲ့ အတိုင်း လုပ်တတ်ပြီး...
ဗလချင်း ယဥ်ရုန်းရရင်လဲ မနိုင်မှန်းသိတာမို့....
Jimin ဂျာကင်ကို ခပ်ဆက်ဆက် ချွတ်ပစ်လိုက်တော့.....
Jung နှုတ်ခမ်း လေးလှုပ်ရုံပြုံးကာ...
လိမ်းဆေးဘူးလေး...ယူလိုက်ပြီး....
Jimin အရှေ့နား ထပ်တိုးလိုက်သည်....ထို့နောက် လည်ဟိုက်နေတဲ့...အင်္ကျီအမဲလေးကို...
အနည်းငယ် ဆွဲဖယ်လိုက်တော့....
ပေါ် ထွက် လာတဲ့ ညှပ်ရိုး ဖြူဖြူ လေးကို...
မြင်လိုက်တဲ့အခါ.....Jung လက်တွေ ရပ်တန့်သွားခဲ့သည်...လည်ပင် အချေက ကိုက်ရာ ကို လည်း...
Jung မမြင်နိုင်တော့ဘဲ....
ညှပ်ရိုး ဖြူဖြူ လေးစီမှာဘဲ အကြည့်တွေ...
ကျရောက်နေခဲ့သည်.....
YOU ARE READING
' စေရင် '
Fanfictionမင်း 'စေရင်'...သံသရာ အဆက်ဆက် အထိ... ဖြည့်စည်း ပေးချင်တဲ့သူပါ...။