Ep-8

578 63 12
                                    

နေ့လည်က Jung နဲ့ အဲဟွန်း တို့နဲ့...
နေ့လည်စာ စားပြီး ကတည်းက.......
ကွန်ဒို တိုက်ခန်းစီ ပြန်လာပြီး ခွေအိပ် နေခဲ့တာ.....
ညနေ ဗိုက်ဆာ တော့မှ နိုးလာသည့် Jimin....

ထို့နောက် အိပ်ယာက ထလိုက်ပြီး...
မီးဖိုချောင်ထဲ ခေါက်ဆွဲ ပြုတ်စားရန် ရှာတော့...
ခေါက်ဆွဲထုတ်က ကုန်နေတာကြောင့်.....
ခေါက်ဆွဲထုတ် ဝယ်ရန် ကားသော့ဆွဲကာ.....
လမ်းထိပ်က ကုန်စုံဆိုင်သို့ ထွက်ခဲ့သည်...

မိနစ်အနည်းငယ်အကြာ...ကုန်စုံဆိုင်ရှေ့ ကားလေး
ရပ်လိုက်ပြီး အထဲ ဝင်လာကာ...
ခေါ်ဆွဲထုတ် ရှိရာဘက် လျှောက်လာရင်း.....
သစ်သီး တန်း နား အရောက်တွင်...

"Hyung......"

ဂျူတီ ကုတ် အင်္ကျီ အဖြူလေးကို
လက်တဖတ် ပေါ်တင်ထားပြီး.....
လိမ္မော်သီး တွေ ရွေးနေတဲ့ ဒေါက်တာလေး...

"ဟင် Min လေး..."

"Hyung အသီးလာဝယ်တာလား....."

"ဟုတယ် Min လေးကော ဘာလာဝယ်တာလဲ....."

"ဗိုက်ဆာ တာနဲ့.......
ခေါက်ဆွဲထုတ် လာဝယ်တာ...အိမ်မှာ ကုန်နေလို့...."

"ဟင်.....ထမင်းချက် မစားဘူးလား...."

"တယောက်ထဲ နေတာမလို့...ဖွယ်ဖွယ်ရာရာ တွေ
ချက်မစား ဖြစ်ဘူး ခေါက်ဆွဲဘဲ ...."

"ရောဂါ ဖြစ်မယ်နော် ခေါက်ဆွဲတွေကြည့်ဘဲ...
စားမနေနဲ့လေ...အဟာရ ဖြစ်မဲ့...
တခုခု ဖြစ်ဖြစ် ဝယ်စားအုန်း...."

ဆရာဝန် တယောက်မို့......လူတယောက်ကို
စိုးရိမ်တာ အများအတွက် မဆန်းပေမဲ့.....
Jimin အတွက်တော့ သိပ်ဆန်းသည်....
Hyung နဲ့စကားပြောတိုင်း နွေးထွေးသလို ခံစားရတာကြောင့်...

"ဟုတ် Hyung...ဒါနဲ့ အချိန်ရလား ဟိုရှေ့က ဆိုင်မှာ
စကားပြောရင်း တခုခု သွားသောက်ရအောင်လေ....
ကျနော်....တိုက်ပါ့မယ်....."

"အချိန်ကလား......"

Seok လက်က နာရီလေးကို တချက် ကြည့်ပြီး...
ပြုံးရင်း....ဆိုလာ သည်က...

"ခနတော့ ရတယ်....ဘာလို့ဆို...
ကြာနေရင် ဆေးခန်းဖွင့်ဖို့ နောက်ကျနေမှာစိုးလို့...."

"ဟုတ် ခနပါဘဲ ....သွားမယ်လေ Hyung...."

"ခန...Min လေး...
အသီး ဝယ်ပြီးမှ Hyung တို့ သွားရအောင်လေ...."

' စေရင် 'Where stories live. Discover now