Part(4)

5.3K 155 2
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (4)
--------
--------

《《《...တစ်စုံတစ်ယောက်ကြောင့် ဖြစ်တည်နေတဲ့ နူးညံ့သောစိတ်ခံစားမှုများကို ထိုတစ်စုံတစ်ယောက်သိအောင်သွယ်ဝိုက်သောနည်းဖြင့်ဖွင့်ဟခြင်းသည် ထိုတစ်စုံတစ်ယောက်၏စိတ်တံခါးဝကို စာသားများဖြင့်တီးခေါက်မိခြင်းမည်၏...》》》

"သမီးလေးက အချောလေးပဲ!!"

"ရှင်...ဟုတ်ကဲ့..ကျေးဇူးပါအန်တီ!!"

ကာအွေ့အမေ ဒေါ်လှရီ ရဲ့ စကားကြောင့် မီမျက်နှာလေးရဲလာကာ ရှက်ပြုံးပြုံးမိရင်းဖြေလိုက်မိသည်...

"ဝင့်နွယ် သူငယ်ချင်းပါတယ်ဆိုလို့ အဒေါ်လဲမြင်ဖူးချင်နေတာ!!"

"မီ ကို ဒီကိုခေါ်လာမယ်ဆိုပြီး မခေါ်ဖြစ်တာ အခုတော့ မူဟဲသာ ယူရင်း တစ်ခါထဲခေါ်လာတာ!!"

"မီ ရော့...စားကြည့်နော်!!"

ကာအွေ့က အိမ်အနောက်ကနေထွက်လာကာ ပန်းကန်တစ်ချပ်ကိုမီ ကိုပေးတော့ ကြည့်မိစဉ်

"နာနတ်သီးတွေ!!"

"ဟုတ်တယ် မီရဲ့...အိမ်ရှေ့ နာနတ်ပင်တွေရှိတယ်လေ...မနက်ကမှ ခူးထားတာ ...မီကြိုက်တယ်မှတ်လား!!"

"အွန်း..ကျေးဇူး ကာအွေ့!!"

မီ ထိုပန်းကန်ထဲက နာနတ်သီးစိတ်တစ်ခုကိုယူစားမိတော့

"ချိုလိုက်တာ!!"

"ဒါပေါ့ မီရဲ့...သဘာဝအတိုင်းပဲကိုး!!"

ဝင့်နဲ့ ကာအွေ့အမေ စကားတွေဖောင်ဖွဲ့နေစဉ် မီ ကာအွေ့တို့အိမ်ကိုမျက်လုံးကစားကြည့်မိတော့
ဝင့်တို့အိမ်လိုမျိုး အဆင့်တွေနဲ့ ဆောက်ထားတာပင်...
ပိုထူးခြားသည်က အိမ်နဲ့ မီးဖိုချောင်က တစ်ခြားစီဖြစ်နေပြီ အလယ်မှာ သစ်သားတံတားလေးတစ်ခုနဲ့ ဆက်သွယ်ထားသည်ကိုပင်...

■ဒီရွာက အိမ်တွေက တကယ်ထူးဆန်းတာပဲ...

"မူဟဲသာ က သွားခူးရမှာ...ကာအွေ့ကလဲ ရေချိုးပြီးပြီ ဆိုတော့ ငါပဲသွားခူးတော့မယ်!!"

ဒေါ်လှရီ တစ်ယောက်ပြောလဲပြော ထိုင်နေရာက ကုန်းထလေတော့သည်

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now