Part(20)

5.4K 129 6
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (20)
--------
--------

"မီ!!"

သူ့လက်ပေါ် သတိလစ်လဲကျလာသည့် မီရဲ့ကိုယ်လုံးလေးကို သူပွေ့ဖက်ထားလိုက်မိသည်....

"မီ!!မီ!!"

အစိုးရိမ်တကြီးဖြင့် မီကိုယ်လုံးလေးကို သူလှုပ်နှိုးနေပေမဲ့ မီကတော့ သူ့လက်ပေါ်မှာ ပကတိငြိမ်သက်ဆဲ...

"ဟိန်း...ဆရာဝန်ကိုဖုန်းဆက်!!မြန်မြန်!!"

"ဗျာ...ဟုတ်...ဟုတ်ကဲ့!!"

မျက်ရည်တွေအဝိုင်းသားနဲ့ ဧည့်ခန်းအရှေ့မှာ သတိလစ်လဲကျသွားသည့် မီကြောင့် ဟိန်း ထိုနေရာမှာ ငူငူကြီးရပ်နေမိစဉ် ကာအွေ့အသံကြောင့် အသိဝင်လာခဲ့သည်...
ဟိန်းတစ်ယောက် စားပွဲပေါ်ကဖုန်းကိုပြေးယူလိုက်ရင်း...

"ဟဲ...ဟဲလို!!Doctor....."

ကာအွေ့တစ်ယောက် မီကိုယ်လုံးလေးပွေ့ချီရင်း သူတို့၂ယောက်ရဲ့ အိပ်ခန်းဆီကိုဦးတည်လိုက်လေတော့သည်...

ဆရာဝန်ဆီကို အလောတကြီး ဖုန်းသွားပြေးဆက်နေသည့်ဟိန်းနဲ့ မီကို ပွေ့ချီကာ အခန်းထဲပြေးဝင်သွားတဲ့ကာအွေ့တို့ကို ကြည့်ကာ သွန်း ဝမ်းနည်းစိတ်တွေ အလုံးအရင်းဝင်ရောက်လာခဲ့သည်...

■အချစ်ခံရတဲ့သူက အချစ်ခံနေရသလို
အပစ်ခံရတဲ့သူလဲ အပြစ်ခံနေရဆဲပါပဲ...

■မီဆိုတဲ့ အမျိုးသမီးက သွန်းအတွက်တော့ မနာလိုစရာကောင်းလောက်အောင် အချစ်ခံနေရတာပဲ...

■■■■■■■■■■■■■■■■■■■■

"Doctor ကျွန်တော့်မိန်းမ ဘယ်နေရာကနေမကောင်းဖြစ်တာလဲ!!"

"မေမေ ဘာဖြစ်တာလဲ Doctor!!"

တရားရုံးကပြန်လာချင်းချင်း သတို့သမီးဝတ်စုံလေးတောင် မလဲနိုင်ပဲ သတိလစ်သွားတဲ့ မီက အခုချိန်ထိကုတင်ပေါ်မှာ သတိမရသေး...
မီလက်လေးကိုကိုင်ကာ အခုချိန်ထိ သူဆောက်တည်ရာမရသေးပါ...

"လူနာက ကိုယ်ဝန်ရှိနေတော့ ရှော့တစ်ခုခုရသွားလို့ သတိလစ်သွားတာပါ..."

"ဗျာ!!"

ဆရာဝန်စကားကြောင့် ကာအွေ့ အံ့ဩသွားရသည်...
■မီမှာ ကိုယ်ဝန်ရှိနေတာတဲ့...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Tempat cerita menjadi hidup. Temukan sekarang