Part(11)

4.6K 139 3
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (11)
--------
--------

✨....၁၀နှစ်ခန့်ကြာသောအခါ....✨

~~~~တက္ကသိုလ်ကျောင်းကြီးတစ်ခု~~~~

"ဟဲ့  နင်တစ်နေ့နေ့ နင့်ဦးအကြောင်းပြောနေရတာမမောဘူးလားဟယ်!!"

"အေးလေ မိသွန်းရယ်!! နင်အဲ့လောက်ညွှန်းနေရအောင် နင့်ဦးက ဘာတွေများဘယ်လောက်ထိ ချောနေလို့လဲ!!ငါတို့Kingကြီး ငဟိန်းကိုတောင်မှီလို့လား!!"

နှင်းရဲ့ စကားကြောင့် ယွန်းလဲ မနေနိူင်စွာ သွန်းသီရိစံ လို့ခေါ်တဲ့ သွန်းကိုပြောနေမိသည်...

"ဒီမှာ....နင်တို့တွေကို ငါကအပြောမဟုတ်ဘူးနော်..ခဏနေ ဦး ငါ့ကိုလာကြိုလိမ့်မယ် နင်တို့ကြည့်ထားလိုက်!!တစ်ခုပြောမယ်နော်...ဦးကငါ့အပိုင်!!ပြီးမှ ဘာဘာညာညာလာမပြောနဲ့!!"

"အမလေးဟဲ့ ...ညွှန်းနေလိုက်တာများ!!ငါတို့ကလဲ မျက်လုံးမှေးမှေးကောင်လေးတွေကိုမကြိုက်ပါဘူးနော်!!"

"နင်တို့မကြိုက်တော့ ပိုကောင်းတာပေါ့...အဓိကက ငါကြိုက်ဖို့ပဲ!!"

သွန်းကတော့ နှင်းစကားကို အားကျမခံအနိုင်ပိုင်းပစ်လိုက်သည်...

"ဒါနဲ့ ငဟိန်းကရော ဘာလို့ကားမယူလာတာလဲ!!"

"အေးလေ!! ကားမင်းသားက ဒီနေ့မှထူးထူးဆန်းဆန်း ကားမယူလာဘူးဆိုတော့ ဘာလဲ စတန့်ထွင်တာလား!!"

သွန်းစကားကြောင့် ဂိမ်းဆော့နေတဲ့ ဟိန်း တစ်ယောက် လက်ထဲကဖုန်းကိုချကာ

"ငါ့အမေ လာကြိုမယ်ဆိုလို့!!"

ထိုမျှသာပြောပြီး ဖုန်းကိုပြန်ကြည့်ကာ ဂိမ်းဆက်ဆော့နေတော့သည်

"ငါနဲ့ ငအောင်ကတော့ မင်းအမေလာကြိုတာနဲ့ ငါ့ဆိုင်ကယ်နဲ့လစ်မယ်...ယွန်းကိုအဆောင်ပို့ပြီး နှင်းရောငါတို့နဲ့လိုက်မလား!!"

"မလိုက်ပါဘူး...ငါ့ဘာသာ ကားငှားပြန်မယ်...ငရှင်းက ဆိုင်ကယ်ဖင်အောက်ရောက်တာနဲ့ ရာဇပုလ္လင်ပေါ် မျောက်တက်သလို တအားတွေရွထလွန်းလို့!!"

"နင်ကလဲ!!"

"ဟား.....ဟား....ဟား...."

ငအောင်လို့ခေါ်တဲ့ အောင်မြင်စိုး နဲ့  ငရှင်းလို့ခေါ်တဲ့ ရှင်းသန့်မောင် တို့၂ယောက်တော့ နှင်းရတီ စကားကြောင့် နင်တင်တင်ဖြစ်သွားပုံကို
Major Kingကြီး ဟိန်းဗျူဟာနဲ့ သွန်းရော ယွန်းလို့ခေါ်တဲ့ ယွန်းဝသုန် ကပါ ထရီလေတော့သည်...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now