"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"
Part(12)
--------
--------"အန် တီ!!"
ပါမောက္ခရုံးခန်းက အထွက်မှာ မီ ကိုခေါ်လိုက်သည်မို့ မီ လှည့်ကြည့်မိတော့
"အော်...သမီးပြောလေ!!"
"အန်တီကိုရော ဟိန်းကိုရော သမီးတောင်းပန်ပါတယ်...သမီးကြောင့်..."
"ဘာတွေပြောနေတာလဲ မီးငယ်!!"
ကောင်မလေးရဲ့စကား မဆုံးလိုက်ခင်မှာပဲ ရုံးခန်းထဲကနေ ထွက်လာကာ စကားကိုဖြတ်ပြောလိုက်သည်က ကာအွေ့ပင်...
"ဦး မီး က လေ...."
"ဘာမှတောင်းပန်စရာမလိုဘူး...သူတို့ဘာသာ ရန်ဖြစ်တာ မီးငယ်အမှားမဟုတ်ဘူး...အိမ်ပြန်မယ်!!"
"ကာအွေ့!!"
မီးငယ်လက်ကို ဆောင့်ဆွဲကာ သူလှည့်ထွက်မိစဉ် ၁၀နှစ်ကြာသည်အထိ သူ မကြားခဲ့ရတဲ့ သူမရဲ့ခေါ်သံလေးကြောင့် သူ့ခြေလှမ်းတွေကတုံ့ခနဲရပ်သွားရသည် ...
သူလက်ကိုင်ထားတဲ့ ကောင်မလေးနဲ့ ပတ်သတ်မှုကိုမီ မသိပေမဲ့ သား ရန်ဖြစ်ရတဲ့ပြဿနာတွေရဲ့အစက ဒီကောင်မလေးကြောင့်ပဲလေ...
"သွန်းသီရိစံမှာ အပြစ်ရှိတယ်...တို့ကိုမတောင်းပန်ဘူးဆိုရင်တောင် တို့သားကို တောင်းပန်သင့်တယ်လေ...မဟုတ်ဘူးလား!!"
"အဟက်!!"
မီ စကားကြောင့် သူခပ်မဲ့မဲ့ ရီချလိုက်သည်...
ထို့နောက် မီ ဘက်ကိုပြန်လှည့်မိတော့ အရင်ကထက်ပိုမိုတည်ငြိမ်လွန်းတဲ့ မီက သူ့ကိုကြည့်နေလေရဲ့..."ခင်များပြောသလို ကျွန်တော့် မီးငယ် အမှားဆိုရင်တောင် ခင်များနဲ့ ခင်များသားကိုတော့ ဘယ်တော့မှမတောင်းပန်ခိုင်းဘူး...ကျွန်တော် မီးငယ်နဲ့ ခင်များသားရဲ့Friendshipက ဒီလောက်နဲ့ပဲ ပြီးပြီ....ဒီကောင်လေးက ခင်များသားဆိုတာသိခဲ့ရင် အစထဲက မီးငယ်နဲ့မပတ်သတ်မိအောင် ကျွန်တော်တားခဲ့မိမှာ...မသိနိုင်ဘူးလေ ခင်များသားလဲ ခင်များလို လိမ်လည်တတ်တဲ့ မကောင်းတဲ့သွေးနဲ့ဗီဇတွေ ရှိနေနိုင်တယ်ဆိုတာကိုပေါ့...ပြန်မယ် မီးငယ်!!"
ESTÁS LEYENDO
သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)
Romanceတောရွာဓလေ့လေးတွေကိုသဘောကျတယ်ဆိုရင်တော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ မအူပင်မြို့လေးနဲ့ တိုးမြစ်ကမ်းက စစ်ကိုင်းရွာ လို့ခေါ်တဲ့မြစ်ကမ်းရွာလေးက ကရင်ကောင်လေး စောဂျေကာအွေ့နဲ့ မြို့ကြီးသူလေး တစ်ယောက်ရဲ့အကြောင်းလေးကိုဖတ်ကြည့်ဖို့ပြောပါရစေ.... စစ်ကိုင်းရွာအထိ...