"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"Part (1)
-------
-------......🔥23,December,2014 🔥......
💫...တွေ့ဆုံမှုနိဒါန်းတစ်ခု...💫
စိမ်းမြမြလယ်ကွင်းတွေကိုဖြတ်ကာ
တဖြူးဖြူး တိုက်ခတ်နေတဲ့ လေနုအေးလေးတွေက ကားပြတင်းပေါက်ကနေတစ်ဆင့် မီရဲ့ မျက်နှာထက် ပြေးလွှားဆော့ကစားနေလေသည်"မီ တံခါးမပိတ်ဘူးလား!!"
"မပိတ်တော့ဘူး ဝင့်!!လေလုံသွားရင် မီက ခေါင်းမူးတတ်လို့!!"
"အခုမှ ရန်ကုန်က စထွက်တာဆိုတော့ ဟိုရောက်ဖို့က အဝေးကြီးလိုသေးတယ်နော်မီ...တရေးလောက်အိပ်လိုက်ပါလား!!"
"ရတယ် ဝင့်...မီ ဒီတိုင်း လယ်ကွင်းလေးတွေကြည့်ချင်လို့!!ဝင့် အိပ်ချင်ရင်အိပ်လေ!!"
"အာ့ဆို ဝင့်ခနမှေးလိုက်ဦးမယ်နော် မီ!!"
ဝင့်စကားကို မီ ခေါင်းငြိမ့်ပြလိုက်ရင်း ဝင့်အိပ်ဖို့အတွက် နေရာဝိုင်းချပေးလို့ပြီးမှ ပြတင်းပေါက်ဘက်ကို မီမျက်နှာပြန်မူလိုက်လေသည်....
မီတို့စီးလာတဲ့ မှန်လုံကားကြီးက ဒဂုံ-ဧရာ အဝေးပြေးကွင်းကနေ အခုမှ စထွက်လာခြင်းသည်ကာ ရန်ကုန်ကတောင် မထွက်ရသေး....
မီအတွေးတချို့ကလဲ ပြေးလွှားနေတဲ့ လေပြေတွေနဲ့အပြိုင် ယောက်ယက်ခတ်နေဆဲ...
ဘွဲ့ရပြီးထဲက ဝင်လုပ်နေတဲ့အလုပ်ကို ထွက်ကာ မီ ဒီအချိန်ဒီကားပေါ်ရောက်နေခဲ့ခြင်းဖြစ်သည်...
အမေတစ်ခု သမီးတစ်ခုမို့ အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ မေမေ့ဆီစိတ်ရောက်နေပေမဲ့ မေမေကိုယ်တိုင်ခွင့်ပြုထားတဲ့ခရီးမို့ မီ စိတ်ချလက်ချထွက်လာဖြစ်ခဲ့သည်...လေပြေလေးများတိုက်ခတ်မှုကြောင့် ပွယောင်းတတ်လာတဲ့ ဆံနွယ်တချို့ကို မီလက်နဲ့ သပ်ချရင်း
ကားလမ်းတစ်ဖက်စီက လယ်ကွင်းစိမ်းတွေကိုကြည့်ကာ
မီရဲ့ ပင်ပန်းလွန်းတဲ့ စိတ်နဲ့ အတွေးတွေများနေတဲ့ ဦးနှောက်ကို ခဏတာဖြေဖျောက်ချင်မိသည်...■လောကမှာ ဖြစ်ချင်တိုင်းသာဖြစ်ခွင့်ရမယ်ဆိုရင်လေ အရာရာဟာ လှပနေမှာပဲ....
ဘဝကြီးက နူးညံ့တဲ့စာမျက်နှာပေါ်က လှပတဲ့စာလုံးလေးတွေမှမဟုတ်တာ...
ESTÁS LEYENDO
သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)
Romanceတောရွာဓလေ့လေးတွေကိုသဘောကျတယ်ဆိုရင်တော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ မအူပင်မြို့လေးနဲ့ တိုးမြစ်ကမ်းက စစ်ကိုင်းရွာ လို့ခေါ်တဲ့မြစ်ကမ်းရွာလေးက ကရင်ကောင်လေး စောဂျေကာအွေ့နဲ့ မြို့ကြီးသူလေး တစ်ယောက်ရဲ့အကြောင်းလေးကိုဖတ်ကြည့်ဖို့ပြောပါရစေ.... စစ်ကိုင်းရွာအထိ...