" သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"
Part (16)
--------
--------"မီ!! ကျွန်တော် ကို ညစာမကျွေးချင်ဘူးလား!!"
"ညစာလား!!"
"အွန်း!!"
ဒီနေ့မနက်လဲ သူလာကြိုတာမို့ မီ ကားတောင် အိမ်မှာထားခဲ့ရသည်...
သူကပဲ အသွားအပြန် အကြိုအပို့လုပ်ပေးမယ်ဆိုပဲ...."ညနေ မင်းလာကြိုရင် ဆိုင်တစ်ဆိုင်မှာဝင်စားကြမယ်လေ!!"
"မဟုတ်ဘူး...မီ လက်ရာကိုစားချင်တာ..."
"ဘာလို့!!"
"ကျွန်တော် မီလက်ရာမစားဖူးသေးဘူးလေ!!တစ်ခါလောက်ဖြစ်ဖြစ်...အာ...မဟုတ်သေးဘူး...အခုကနေစပြီး တစ်သက်လုံး မီလက်ရာကိုစားချင်တယ်!!ရတယ်မှတ်လား"
"အဟက်!!"
လက်တစ်ဖက်က ကားမောင်းနေရင်း ကျန်လက်တစ်ဖက်ကို မီ လက်ကိုမလွတ်တမ်းကိုင်ထားတဲ့ သူ့ကိုကြည့်ပြီး မီ ရီလိုက်မိသည်...
"မီကမရီနဲ့လေ...ကျွန်တော့်ကို ဒီနေ့ညစာချက်ကျွေးမှာလား!!"
"အဲ့ဒါက...."
မီ တစ်ခုခုကိုစဉ်းစားသလို လုပ်နေတာမို့....
"လုပ်ပါ...ကျွန်တော့်ကို ဒီလောက်လေးတောင် မကျွေးချင်ဘူးလား...ကျွန်တော်က မီ ကောင်လေးပဲလေ..."
မီ ဒုတိယ တစ်ကြိမ်ထပ်ရီမိပြီး သူ့စကားကိုမဖြေပဲ ဒီတိုင်းနေနေတာမို့ သူ့ပုံစံက အလိုမကျသည့်ပုံစံဖြစ်လာရသည်...
မီတို့ကားကလဲ Legendအရှေ့ရောက်ပြီမို့
မီ ခါးပတ်ဖြုတ်လိုက်ကာ ကားပေါ်ကနေ ဆင်းခါနီး"ကဲ !!ကားကို သတိထားမောင်း!!ညနေကျရင် စောစောလာကြို !! Dell မှာဟင်းချက်ဖို့ လိုတာတွေဝင်ဝယ်မယ်!!"
"ဟာ!!မီ တကယ်ပြောတာနော်..."
"ဒါပေါ့!!"
တအံ့တဩလေးဖြစ်သွားတဲ့ သူ့ပုံစံက မီ ပြောတာကို ဝမ်းသာနေသွားတဲ့ ပုံလေးမို့ မီ ရီမိပြန်သည်.....
"သွားတော့...ညနေကျရင် စောစောလာကြိုဖို့ မမေ့နေနဲ့!!"
"ဟုတ်ကဲ့ပါ အချစ်လေးခင်မျ...မောင် လာကြိုပါ့မယ်!"
YOU ARE READING
သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)
Romanceတောရွာဓလေ့လေးတွေကိုသဘောကျတယ်ဆိုရင်တော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ မအူပင်မြို့လေးနဲ့ တိုးမြစ်ကမ်းက စစ်ကိုင်းရွာ လို့ခေါ်တဲ့မြစ်ကမ်းရွာလေးက ကရင်ကောင်လေး စောဂျေကာအွေ့နဲ့ မြို့ကြီးသူလေး တစ်ယောက်ရဲ့အကြောင်းလေးကိုဖတ်ကြည့်ဖို့ပြောပါရစေ.... စစ်ကိုင်းရွာအထိ...