Part(18)

5K 130 1
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (18)
--------
--------

~~~~✨At Deil Hotel✨~~~~

ချောင်းသာကပြန်ရောက်ပြီး ၂ရက်အကြာမှာ ဦးနဲ့လက်ထပ်မဲ့အမျိုးသမီးကိုတွေ့ဖို့အတွက်
ဦး ခေါ်လာလို့ သွန်းနဲ့ဦး Deil Hotelကိုရောက်လာခဲ့လိုက်လာခဲ့ခြင်းဖြစ်သည်...

ခရီးမထွက်ခင်ကရော ခရီးကပြန်လာထဲက စိတ်တွေမငြိမ်မသက်ဖြစ်ကာခြောက်ခြားနေရတဲ့ သွန်းတစ်ယောက် အခုလဲ ကိုယ့်ကိုယ့်ကို တကယ်စိတ်ပျက်မိသည်...

"ကျွီ!!"

"ဟင်!!"

သွန်းတွေဝေစွာထိုင်နေရင်း တံခါးဖွင့်သံကြားလိုက်သည်မို့ အကြည့်တွေက တံခါးဆီကိုပို့လိုက်စဉ် တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် အင်မတန်အံ့ဩသွားရသည်...

"မီ!!"

"စောင့်နေတာကြာနေပြီလား!!"

"ဟင့်အင်း မကြာသေးဘူး မီရဲ့!!သားလဲ လာလေ!!"

မေမေက တွေ့ပေးစရာလူရှိတယ်ဆိုတဲ့စကားကြောင့် ဟိန်းတစ်ယောက်  မေမေနဲ့ လိုက်လာစဉ် VIP Roomမှာတွေ့လိုက်ရသည့်လူတွေက သူ လုံးဝ မထင်မှတ်ထားတဲ့ သူတွေပင်....

သွန်း တစ်ယောက် မီကို မျက်တောင်မခတ်ကြည့်နေမိသည်ကို ဟိန်း သတိထားမိသည်...
သူ ချောင်းသာကပြန်ရောက်ပြီး နောက်နေ့မှာ မေမေက သူမ လက်ထပ်တော့မည့်အကြောင်းပြောတုန်းက သူရင်ထဲနေရတာ အဆင်မပြေပေမဲ့ အခုမေမေနဲ့လိုက်လာပြီး မေမေနဲ့လက်ထပ်မဲ့လူကိုတွေ့ရချိန်ပို၍ပင်အဆင်မပြေတော့....

■သူ့အမေ လက်ထပ်မဲ့သူက သူ့သူငယ်ချင်းကြီးရဲ့ အနှစ်နှစ်အလလ စွဲလမ်းနေတဲ့ယောက်ျားတစ်ယောက်ကိုတဲ့လား....

"မီ ဘာစားမလဲ ...."

"ရပါတယ် အဆင်ပြေတာတစ်ခုခုပေါ့!!သားရော ဘာစားချင်လဲ!!"

"မေမေ အဆင်ပြေတာမှာလိုက်ပါ...မေမေမှာတာ သားကြိုက်တယ်!!"

"အွန်း!!သမီးရော ဘာမှာဦးမလဲ!!"

မီအမေးကြောင့် သွန်း မျက်ခုံးပင့်သွားရသည်...
■သမီးတဲ့လား...
သူမ အချစ်နဲ့သူမ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်သွားတဲ့ မိန်းမက သူမကိုအခုခေါ်လိုက်တာ သမီးတဲ့လား...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now