"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"
Part (7)
-------
-------"နင်ပဲဆိုင်ကယ်ရှိတာလေ ကာအွေ့ရဲ့...ငါတို့ ပဲ့ထောင်နဲ့လာခဲ့မယ်...နင် မီကိုခေါ်သွားလိုက်!!"
"ရ..ရပါတယ်...မီ ဝင့်တို့နဲ့ပဲ လိုက်..."
"အာ့ဆို မီကိုကျွန်တော်ခေါ်သွားပြီ!!လာ...မီ!!"
မီ စကားပင်မဆုံးလိုက် ...
ကာအွေ့က ချက်ချင်းဆိုသလို မီ လက်ကိုအတင်းဆွဲလေတော့သည်..."နေ..နေပါဦး ကာအွေ့ရယ်!!"
"ဘာကိုလဲ မီ!!"
"တို့ ၂ယောက်ထဲသွားလို့ဘယ်ကောင်းမလဲ...တို့ ဝင့်နဲ့ပဲလိုက်လာခဲ့မယ်...မင်းဆိုင်ကယ်သွားနှင့်လေ!!"
"အဟက်!!"
မီ စကားကြောင့် ကာအွေ့ရီလိုက်ရင်း မီ နားရွက်ဖျားလေးနားကပ်လိုက်ကာ လေသံပြေပြေလေးနဲ့ ၂ယောက်ထဲကြားရယုံကပ်ပြောလိုက်သည်က
"ဒီနေရာမှာ မောင်နမ်းတာ မခံချင်ရင် အေးဆေးလိုက်ခဲ့နော် မီ..."
"ဟင်!!"
သူ့ရဲ့ခြိမ်းခြောက်လိုက်တဲ့စကားနဲ့အတူ သူ့နှာခေါင်းဝကလေနွေးနွေးလေးတွေက မီ နားရွက်လေးတွေကိုလာရောက်ကျီဆယ်လေရဲ့...
မီ သူ့စကားကြောင့် ထိုနေရာမှာ အူကြောင်ကြောင်ရပ်နေမိသည်..."လိုက်သွားလေ မီရဲ့!!"
"ဟို..."
မီ စကားပင်မစရသေး...
သူကမီနဲ့ မျက်နှာချင်းဆိုင်ကနေကြည့်ကာ မျက်ခုံးလေးပင့်ပြလေသည်...
■အဓိပ္ပါယ်က မီကို စကားဆက်ပြောခိုင်းခြင်း...
သူ့အကြည့်နဲ့သူ့ပုံစံက တကယ်ထနမ်းမယ့်ရုပ်ကြီးမို့မီလဲ တုန်တုန်ယင်ယင်နဲ့"အာ့ဆို...မီ...မီ...ကာအွေ့နဲ့ လိုက်သွားလိုက်မယ်နော်.."
"အဟက်!!ဒီလိုမှပေါ့..."
မီစကားကိုကြားလိုက်တော့ သူကကျေနပ်စွာပြုံးပြီးမီ လက်ကိုကိုင်ကာ ဆိုင်ကယ်ဆီကိုလမ်းလျှောက်လာလေတော့သည်...
ဝင့်တို့ကတော့ မီ့ကိုရီပြကာ"မီ ဝင့်တို့ စိမ်းမြကန်သာမှာဆုံမယ်နော်..."
"ရတယ်...အမ အေးဆေးသာလိုက်လာခဲ့..."
STAI LEGGENDO
သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)
Storie d'amoreတောရွာဓလေ့လေးတွေကိုသဘောကျတယ်ဆိုရင်တော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ မအူပင်မြို့လေးနဲ့ တိုးမြစ်ကမ်းက စစ်ကိုင်းရွာ လို့ခေါ်တဲ့မြစ်ကမ်းရွာလေးက ကရင်ကောင်လေး စောဂျေကာအွေ့နဲ့ မြို့ကြီးသူလေး တစ်ယောက်ရဲ့အကြောင်းလေးကိုဖတ်ကြည့်ဖို့ပြောပါရစေ.... စစ်ကိုင်းရွာအထိ...