Part(5)

5.3K 172 0
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (5)
-------
-------

《《《...အချစ်ဟူသော ဝေါဟာရတစ်ခုသည်
နှုတ်မှ ဖွင့်ဟပြောသည်မှ သိမြင်နိုင်သည့်စိတ်အချင်းအရာတစ်ခုမဟုတ်...》》

"မီ!!"

"ဟင်..."

ဒီနေ့လဲ မီ တစ်ယောက် သူ့အိမ်ကိုရောက်လာလေသည်...

"ကျွန်တော် အိမ်အနောက်ကို  လိုက်ပြရမလား မီ...အိမ်အနောက်မှာ တခြားအပင်တွေရှိသေးတယ်လေ!!"

"ဟုတ်လား!!"

"အွန်း...မီ လိုက်ကြည့်ချင်လား!!"

"သွားမယ်လေ...အဟိ!!တို့လဲ အကုန်လိုက်စူးစမ်းချင်နေတာ..."

မီ ကသူမရဲ့ သွားတန်းဖြူဖြူလေးတွေပေါ်အောင် ရီပြရင်း ရှက်ဝဲဝဲလေး ဖြေနေလေသည်...

"အာ့ဆို သွားကြမယ်လေ မီ!"

သူနဲ့ မီ ခြံထဲခြေချမိသည်နှင့်

"မီ သတိထားနော်...ရွံ့တွေပေမယ်...ရော...ဒါလေးဆောင်းထား"

အပြာနုရောင်ဘောင်းဘီရှည်လေးကို အပေါ်က T Shirtအဖြူလေးနဲ့ မီ ဆီကို ခမောက်လေးတစ်လုံး သူလှမ်းပေးလိုက်သည်...

"ကျေးဇူးနော်...ကာအွေ့!!"

မီ သူလှမ်းပေးတဲ့ခမောက်လေးကိုဆောင်းလိုက်ကာ သူလဲဘေးကခမောက်လေးတစ်လုံးကိုဆောင်းလိုက်လေသည်...

"ကာအွေ့ ဟိုအိမ်လေးက ဘယ်သူနေတာလဲ!!"

ကာအွေ့ခြံထဲမှာ ခြေတံရှည်အိမ်သေးသေးလေးတစ်လုံးကို မီတွေလိုက်ရသည်မို့ မေးလိုက်ခြင်းဖြစ်သည်
အိမ်မကြီးနဲ့ တော်တော်လေး လှမ်းသည်မို့ မီ စိတ်ဝင်စားတာလဲပါသည်...
မီ လက်ညိုးထိုးပြသည့်နေရာကို သူကြည့်လိုက်တော့

"အဲ့ဒါက ကျွန်တော်နေတာ...အဘနဲ့စကားများတဲ့အချိန်တွေဆို ကျွန်တော်က အမေစိတ်ညစ်မှာစိုးလို့ အဲ့အိမ်မှာသွားသွားနေတာလေ!!ပြောရရင် အိမ်ပေါ်ကဆင်းရင်နေတဲ့နေရာပဲဆိုပါတော့"

"အဟင်း!!တော်တော်ဝေးဝေး ဆင်းလိုက်တာပဲ!!"

"အဟက်!!"

မီရဲ့ စကားကြောင့် ကာအွေ့ ရီလိုက်မိသည်...

"မင်းက ဂစ်တာလဲ တီးတတ်သေးတာပဲနော်!!"

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)حيث تعيش القصص. اكتشف الآن