" ခွပ်ဒေါင်းမာန် !! ထစမ်း
"ဟာ ဘာတုံး အဖေရာ အစောကြီးရှိသေးတာကို
" ငဟျောင့် မင်းထစမ်းပါ မင်းမနေ့ညက ဟိုဘက် ကမ်းက ဦးဘသိုက်ကို ဘာလုပ်လိုက်တာလဲ
"ဟာအဖေရာ ကျတော်က ဦးဘသိုက်လို သက်ကြားအိုကြီးကို ဘာလုပ်ရမှလဲ
"ဘာကွ မင်းမနေ့ညက သူအိမ်ရှေ့ သီချင်းသွားဆိုတယ်ဆို ငါကိုအခု ဦးဘသိုက်က လာတိုင်သွားတယ်
မနေ့က ညနေပိုင်း
" အာစိကျတော်တို့ ဒီည ကျတော်ကြိုက် နေတဲ့ ကောင်မလေးအိမ်သီချင်းသွားဆိုမလို့ အာစိ လိုက်ခဲ့ပါလား
" ငါကဘာကိစ္စလိုက်ရမှာလဲ မင်းဘာသာသွားလေ အေ့
ငမဲတူးအမြည်းနဲ့ ထန်းရည်ထပ်ပြီးသွားယူ ပေး"ဟုတ်အာစိ
"အာစိကလဲလိုက်ခဲ့ စမ်းပါ ဗျာ ကျတော်နဲ့ ငမဲတူးနှစ်ယောက်ထဲမလို့ပါ ပြီးတော့ ဦးဘသိုက်ကြီးကိုလဲ ကြောက်ရတယ်
" ငကျော်မင်း ငါတပည့်ဖြစ်ပြီး ဘာကိုကြောက်နေတာလဲ
"အာစိကလဲကျတော်ကကြောက်တာ မဟုတ်ပါဘူး တစ်ချိန်ကျတော်ရမဲ့ ယောက္ခထီးဆိုတော့ နည်းနည်း ရှိန်တာပေါ့
"ထွီး အဖြေတောင်ပြန်မရသေးတာကို
မင်းက အဖေရောသမီး ရောကိုကြောက် ပြနေတာ ငါတပည့်လို့မပြောနဲ့ ငါ သိက္ခာကျတယ်" အာစိ ထန်းရည်နဲ့ လယ်ကြွက်ကင်လေးရပါပြီ
" မင်းကအတော်ဆုံးဘဲ ငမဲတူး အေ့ ငါကိုတစ်ခွက် ထည့်ပေးစမ်း
"ရစေရမယ်အာစိ
ကျော်ကြီး ခေါင်းသာကုတ်နေလိုက်တော့သည် အေးမြလေး ကိုသွားပိုးပန်းမလို့အာစိကိုအဖော်ခေါ်တော့လဲမရ ငမဲတူးနဲ့ကျတော် နှစ်ယောက်ထဲကျ လဲ မသွားရဲ
"ငကျော် မင်းဘာမှတွေးပူမနေနဲ့ ငါလိုက်ခဲ့မယ် အဲ့ဦးဘသိုက်သမီးမင်းကိုပြန်ကြိုက်အောင် ငါကူညီပေးမယ်
"ကျေးဇူးပါအာစိရာ
" အခုငါခြေထောက်နှိပ်ပေး
"ဟုတ်ကဲ့အာစိ
ခွပ်ဒေါင်းမာန် ဆိုရင် ညီးစုရွာ တင်မကဘူး အနီးနာကရွာကလူတွေပါ ကြောက်ရတယ်။ ခွပ်ဒေါင်းမာန်ဆို မသိတဲ့သူမရှိသလောက်ရှား၏