"အာစိမနေ့က စလေသွားတယ်ဆို ဘာသွားလုပ်တာလဲ
" မြို့ကဆရာလေး လိုက်ပို့ပေးတာပါကွာ သူအိမ် ဖုန်းဆက်ချင်တယ်ဆိုလို့ကွာ
ခွပ်ဒေါင်း ဂျိုးကြော်စားရင်းပြန်ဖြေလိုက်တယ်
" မြို့ကဆရာလေးက ချောတယ်နော် ရွာကမိန်းကလေးတွေတောင် ဆရာလေးကို မမှီဘူး
ထန်းရေကိုတစ်ခါထဲမော့သောက်လိုက်ပြီး
ငကျော်အပြောကို မျက်မှုန်ကြုတ်ပြီးတော့"အေ့ ချောတယ် ချောတာမှ ငါးရှဉ့်ကို ဆီသုတ်ထားတဲ့အတိုင်း ဖမ်းလို့ကိုမမိဘူး
" ကျွန်တော်တို့ကအတည်ပြောနေတာအာစိရ ရွာထဲက ကောင်မလေးတွေကတောင် ဆရာလေးကို ကြိုတ်ကြွေနေကြတာ
"ဘယ်ကမကလဲ ကျော်ကြီးရာ အောင်တိုးကပါ ဆရာလေးကို ကြိုက်နေတယ်ပြောတယ်
"ခလွမ် ! ! !
" ငမဲတူးဘာပြောတယ်ပြန်ပြောစမ်း
ထန်းရေအိုးကိုရိုက်ခွဲလိုက်ပြီ ငမဲတူးကို အကျီကော်လံစကိုဆွဲပြီး ဒေါသ သကြီးထမေးတဲ့ အာစိကြောင့် ငမဲတူးလန့်သွားသည်
ဘာစကားအမှားပါသွားလို့ အာစိကဒီလောက်ဒေါသထွက်သွားရတာလဲ
" ငါမေးနေတာမကြားဘူးလား ထိုးခံချင်လို့လား ဟမ်း•••••
" မနေ့က ညနေခင်း ချောင်းထဲသွားတုံးကကြားခဲ့တာ အောင်တိုးက ဆရာလေးကြိုက်တယ်လို့ပြောနေတာ ကြားခဲ့တာ
" တောက် ! !
" တွေ့ကြသေးတာပေါ့ကွာ သွားမယ်ထ
"ဟို အာစိဘယ် ဘယ်သွားမလဲလို့
" ဘယ်သွားရမှာလဲ အဲ့ကောင်တွေရှိတဲ့ ဆီပေါ့
ပုဆိုးကိုစလွယ်သိုင်းပြီး ဒေါသ သကြီးထွက်သွားတဲ့ အာစိနောက်ကို ငမဲတူးနဲ့ ကျော်ကြီး အပြေားလိုက်ရတော့တယ်
အောင်တိုးက ဆရာလေးကိုကြိုက်တယ်ပြောတာ ဘာနာစရာရှိလို့လဲ စိတ်တော့ညစ်တာဘဲ
" ကျောင်းဆင်းချိန်လဲ နီလာပြီးဆိုတော့ စာအုပ်တွေသိမ်းထားတော့နော်
"ဟုတ်ကဲ့
"မနက်ဖြန် ဘာနေ့လဲဆိုတာရောသိလား။