အလင်းကိုကောင်းစွာမမြင်ရတဲ့ အိမ်ကျဉ်းကျဉ်းလေးရဲ့ စာပွဲခုံအဟောင်းလေးပေါ်မှာသားမိနှစ်ယောက် ဟင်းလေးနှစ်ခွက်နဲ့ ထမင်းကို မြိုင်ရေ ယှက်ရေစားသောက်နေသည်
"မေမေ ဘာလို့ တုံးတုံးမစားတာယဲ
"အမေက တုံးတုံးမကြိုက်ဘူးသားရဲ့ အမေက အရိုးဘဲကြိုက်တာ သားဘဲ တုံးတုံးစားနော်
"တီတီနှင်းသွေးကကြောတယ် မေမေကိုအားရှိအောင် တုံးတုံးကျွေးလိုက်တဲ့
" မေမေကတုံးတုံးမှမကြိုက်တာသားရယ် သားဘဲစားနော် ပြီးတော့မေမေက အရိုးစားလဲအားရှိပါတယ်
"အဲ့တာဆို သားဘဲတုံးတုံးနှစ်ခုစားလတ်ပြီနော်
"အေးအေး
ဒေါ်မြင့်သားလေးကိုကြည့်ပြီးမျက်ရည်ဝဲမိတယ် မိစုံဖစုံနဲ့မနေရတဲ့အပြင် သူများကလေးတွေလို ပြည့်ပြည့်စုံစုံ နဲ့လဲမနေရ လိုချင်တာလဲ ဝယ်မပေးနိုင် သူများကလေးတွေ သားလေးကို ပြည့်ပြည့်စုံစုံသားပေးချင်ပေမဲ့ ဒီဘဝတော့မဖြစ်နိုင်တော့ဘူး
နောင်ဘဝဆိုတာသာရှိရင် ကျွန်မရဲ့သားလေးကို ပြည့်ပြည့်စုံစုံနဲ့ လူတန်းစေ့ နေနိုင်အောင် ထားချင်ပါသည် ။
"မေမေ ဘာရို့ငိုနေတာယဲ
ဒေါ်မြင့်မျက်ရည်တွေကို လက်နဲ့သုတ်လိုက်ပြီ
"အမေမျက်လုံးထဲ အကောင်ဝင်သွားလို့ပါ မေမေမငိုဘူးနော် အဟွတ် အဟွတ် !!
" မေမေရေရေ
ရေရေဆိုပြီးသောက်ရေ အိုးစဉ်ကရေပြေးခပ်တဲ့သားလေးကိုကြည့်ပြီး သနားမိတယ် သိပ်မကြာခင်အချိန်မှလူလောကကိုတစ်ယောက်ထဲရှင်သန်ရတော့မယ် ငါသားလေး လူကောင်းတွေနဲ့ တွေ့ဆုံပါစေလို့အမေဆုတောင်းပါတယ်
"မေရေရေ
"အေးအေး
သားဆီကရေကိုယူသောက်လိုက်ပြီး
"သားထမင်းစားပြီးရင် တီတီနှင်းတို့အိမ်သွားစာလုပ်နော်
"မေမေနားမှလုပ်မယ်လေ
"အိမ်မှာကခြင်တွေကိုက်တယ် သားရဲ့ တီနှင်းတို့အိမ်သွားလုပ်နော် အဲ့ကခြင်မကိုက်ဘူး