" အမ ငါကိုလှတာလေးတွေရွေးပေးနော်
စလေမှာလိုအပ်တာတွေသွားဝယ်မလို့ နင်ရောဘာဝယ်စရာရှိလဲ တစ်ခါထဲ မှာလိုက်ဆိုတာကို သူရောလိုက်မှဆိုပြီး ချောက်ထိဈေးဝယ်လိုက်လာတဲ့ အလိမ္မာတုံးမောင်လေး စလေမှာဝယ်မယ်ဆိုတာကိုမဟုတ်ရဘူး
ချောက်ထိသွားမှာဇွတ်ပြောနေတဲ့သူသဘောအတိုင်းလိုက်ရောပေးလိုက်ရတယ် အမတစ်ယောက်ထဲမလို့ ဈေးဝယ်လိုက်ခဲ့ပါလားခေါ်ရင်တောင်မလိုက်တဲ့မောင်ဖြစ်သူကအခုတော့ ချောက်မြို့ရဲ့ အဝတ်အစားဆိုင်တွေ ပတ်မွှေနေတာ သူကြိုက်တဲ့ဟာကိုမတွေ့သေးဘူး
" အမ ဟိုကောင်နှစ်ကောင်အတွက် အမရွေးပေးလိုက်နော်
"ဟဲ့ နင်သူငယ်ချင်းတွေဟာနင်ဘာသာရွေးဝယ်ပေးလိုက်လေ ငါကသူတို့ဘာကြိုက်မှန်းမသိတာ
တကယ်ပါ ဒီမောင်တစ်ယောက်နဲ့ ခက်တယ် သူငယ်ချင်းတွေအတွက်ဝယ်မဲ့ဟာပါ ဒီလူကိုခိုင်းနေတယ် နေကမြင့်နေပြီ အခုထိအိမ်အတွက်လိုအပ်တာတွေမဝယ်ရသေးဘူး သူအတွက်အရင်လိုက်ဝယ်ပေးနေရတယ်
" သူတို့ဖွားဖက်တော်လုံရင်ပြီးရောအမရာ ကောင်းမယ်ထင်တဲ့ဟာသာရွေးဝယ်ခဲ့လိုက်
"ဟယ်
"ငါဟိုဘက်ဈေးတန်းဘက်သွားအုံးမယ်အမဝယ်ပြီးရင် ကားနားကနေစောင့်နေ
တော်တော်ချစ်စရာကောင်းတဲ့မောင်ပါလား ဝယ်စ္စည်းတွေ ကူသယ်ပေးမယ်မရှိဘူး သူလိုချင်တာဘဲလိုက်ရှာနေတယ်
___&&&___&&&____&&&
"မတည့်တာတွေစားပြန်ပြီးလား ကာရန်
" ကလေးလဲမဟုတ်ဘဲနဲ့ဘာလို့ ခဏခဏမှာနေပြောနေရတာလဲကွာ
နွေဦး ဗိုက်အောင့်လို့ ကိုဟန်ဆီမှာဆေးလာ တောင်းတာဖြစ်သည်။ ကိုဟန်ကတော့ ထုံးစံအတိုင်း နွေဦးကို မတည့်တာတွေစားလို့ဖြစ်တယ်ဆိုပြီးဆူပါလေရော
နွေဦးဗိုက်က မတည့်တာတွေစားလို့မဟုတ်ပါ နွေဦး အသက်ပြည့်ကတည်းက ဗိုက်ကတစ်လတစ်ခါ နာနေကျ ဆေးလေးသောက်လိုက်ရင် ပျောက်တာမလို့ ဆေးရုံတော့မပြဖြစ်