"မြို့သားလေးကအခုထိ မရောက်သေးဘူးလား သူကြီးရယ်
"ဟုတ်ပတော် ကျုပ်က မြို့သားလေးကိုမြင်ချင်လို့ ရွာဦးကျောင်းက အုန်းမောင်း မခေါက်ခင်ကတည်းက သူကြီးအိမ်ရောက်နေတာ
"ကျုပ်လဲအတူတူပါဘဲတော် မြို့သားလေးမြင်ချင်လို့ ပေါက်တူးပေါက်တောင် မသွားဘဲစောင့်နေတာ
"ကျုပ်လဲဘာထူးလဲတော် မနက်စာချက်ပြီးကတည်းကသူကြီးအိမ်ရောက်နေတာ အခုနေတောင်ဝင်တော့မယ်
ရွာသူ ရွာသားတွေရဲ့စကားကအမှန်ဘဲဖို့ ကျုပ်ဖြင့်ဘာမှတောင်ပြန်မပြောနိင်ပါ မနက်မလင်းခင်ကတည်းက ကျုပ်အိမ်ရှေ့မှလာစောင့်နေတာ ကျုပ်ကိုယ်တိုင်အသိဘဲကို
"ဟော ပြောရင်းဆိုရင် အကြိုလှည်းလာနေပြီး
သူကြီးစကားကြားတော့ စောင့်နေကြတဲ့သူတွေက ဝမ်းသာအားရ ထလာကြပြီးခြံထဲဝင်လာတဲ့လှည်းပေါ်ကမြို့သားလေးကို ဝိုင်းအုံကြည့်ကြတော့သည်
"လာလာ မောင်ရယ် ဦးတို့က မောင်ရင်အလာ ကိုစောင့်နေတာမနက်ကတည်းက
နွေဦးသူကြီးနေရာချပေးတဲ့နေရာမှာဝင်ထိုင်လိုက်ပြီး
" လမ်းမှာကားပြတ်နေတာနဲ့ နောက်ကျသွားတာ စောင့်နေရတဲ့သူတွေကိုအားနာလိုက်တာ
မြို့သားလေးနဲ့စကားသံကိုကြားပြီး ရွာသူရွာသားတွေ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်
ယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး အသံကအစ မိန်းကလေးတွေထက် နူးညံ့ချိုသာနေပြီး မိန်းကလေး တွေထက်တောင်ယဉ်ကျေးနေ၏
မြို့သားလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့ ရွာသူရွာသားတွေကို ကျုပ်ချောင်းတစ်ချက်ဟန့်လိုက် တော့မှအကုန်လုံးက မျက်နှာလွဲသွားကြတော့သည်
" ငါတူကြီးနာမည်ကို ဒီကလူတွေသိအောင် မိတ်ဆက်ပေးလိုက်ပါအုံး
"ဟုတ်ကဲ့ ကျတော်နာမည်က နွေဦးကာရန်ပါ
ရင်းရင်းနှီးနှီးအနေနဲ့ နွေဦးလို့ခေါ်လို့ရပါတယ်
ကျတော်ဒီရွာလေးမှာ နေစဉ်တစ်လျောက်လုံးကျတော်ကို ကိုယ်သား ကိုယ်တူတစ်ယောက်အနေနဲ့ ဆိုဆုံးမပေးလို့ရပါတယ် ခဗျ