''''' အော် အီး အီးအွတ်
'''''တောင် တောင် တောင်
လင်းကြက်တွန်သံရော ရွာဦးကျောင်းက အုန်းမောင်းခေါက်သံရောကြောင့် နွေဦး အိပ်ယာကနေ ထလာခဲ့တော့တယ်
အရင်ဆုံးကိုယ်လက်သန့်စင်လိုက်ပြီး
ဆွမ်းလောင်းရင် ဆွမ်းဟင်းချက်ဖို့ ပြင်လိုက်တော့တယ်ဆွမ်းဟင်းအတွက်ကတော့ မနေ့က ဟိုဘက်အိမ်ကပေးထားတဲ့ ဘူးရွက်ကလေးကြော်ပြီး ငါးခြောက်ချက်လေးနဲ့ ။
ဆွမ်းတော်အတွက်ရော နွေဉီးစာဖို့ပါ ချက်ပြုတ်လိုက်ပြီး ဆွမ်းတော်ကြွလာမဲ့ အချိန်ကိုစောင့်ရင်း ဝိုင်းထဲ သန့်ရှင်းရေးလုပ်နေလိုက်သည် ။ အစားအသောက် ဂျီးမများတက်တဲ့ နွေဦးအတွက်ဟင်းနှစ်ခွက်တင်ပြည့်စုံလှပြီ
ဆွမ်းတော်ဗျို့ !
နွေဦးသဘတ်လေးကို ပုခုံးပေါ်တင်ပြီး ဆွမ်းထွက်လောင်းလိုက်ပြီး ဆရာတော်ဘုရားရဲ့ ခြေတော်ရင်းမှ ဝပ်တွားပြီးကန်တော့လိုက်တော့သည်
"ဘုန်းကြီးပါစေ သက်ရှည်ပါစေ အနာရောဂါ နဲ့ကင်းဝေးပါစေကွယ်
"ပေးတဲ့ဆုနဲ့ပြည့်ပါစေအရှင်ဘုရား
" ရွာမှနေရတာအဆင်ပြေရဲ့လား ဆရာလေး
"ပြေပါတယ်ဘုရား ရွာသူရွာသားတွေအကုန်လုံးက ဝိုင်းဝန်း စောင့်ရှောက်ကြပါတယ်ဘုရား
"ခွပ်ဒေါင်းမာန်တော့မပါဘူးမလား
နွေဦးဆရာတော်ဘုရားကိုပြုံးပြီးတော့ ပြန်လျောက်တင်လိုက်၏
"တင့်ပါဘုရား နေ့တိုင်းလိုလို ပြသာရှာပါတယ်ဘုရား
"သည်းမခံနိုင်တဲ့တစ်နေ့ ဘုန်းဘုန်း ဆီလာခဲ့ ဘုန်းဘုန်းခေါ်ပြီးဆုံးမပေးမယ်
"တင်ပဘုရား
ဆရာတော်ဘုရားကြွသွားတာနဲ့နွေဦး အိမ်ထဲကို ပြန်ဝင်မယ်အလုပ် နောက်ကနေရောက်နေတဲ့သူကြောင့် လန့်သွားသည် ။မနက်စောစောစီးစီးဘယ်လိုများရောက်နေပါလိမ့်
"ဒီမှာ ခင်ဗျား မနက်စောစော စီးစီး သူများအတင်းပြောနေတယ်ပေါ့