" ဆရာလေး ဆရာလေး !!
တကြော်ကြော်အော်ခေါ်ပြီး အိမ်ထဲဝင်လာတဲ့ ကျောက်ခဲ
"ကျောက်ခဲအကို အိမ်နောက်ဘေးမှာ
နွေဦးကျောက်ခဲကိုအသံပြန်ပေးလိုက်ပြီး စံပယ်ပင်လေးကို ဆက်ပြီးမြေစွပေးနေလိုက်သည်။
" ဆရာလေးက ဒီရောက်နေတာကို ဘာတွေလုပ်နေတာလဲ
"မိုးရာသီရောက်ပြီဆိုတော့ စံပယ်ပင်တွေ ရေသောက်ရအောင် လုပ်နေတာ
ကျောက်ခဲဆရာလေးဘေးဝင်ထိုင်လိုက်ပြီး
"ဆရာလေးကို ရွာသူကြီးကခေါ်ခိုင်းလိုက်လို့
"အခုလား
"အခုမဟုတ်ပါဘူး ညနေ နေအေးမှတဲ့
"ဘာများပြောမလို့လဲမသိဘူး
"ကျွန်တော်လဲမသိဘူး
နွေဦးလဲ ဆက်ပြီးတော့ မြေဆွနေလိုက်၏
"ဒါနဲ့ ဆရာလေးကို ကျွန်တော်မေးစရာရှိလို့
"မေးလေ
"စိတ်မဆိုးဘူးလို့ ကတိပေး
နွေဦး အစွယ်တွေပေါ်အောင်ပြုံးပြလိုက်ပြီး
"ပေးတယ်
" ဟို ကိုကြီးခွပ်ဒေါင်းကိုအဖြေဘယ်လို ပြန်ပေးလိုက်လဲဟင် ဆရာလေးပေးတဲ့အဖြေကို အရမ်းသိချင်နေတာ
နွေဦးမှာကျောက်ခဲစကားကြားပြီး မျက်နှာကပူလာတယ်လို့တောင်ခံစားရသည်။ ခွပ်ဒေါင်းကို ချစ်တယ်လို့အဖြေပြန်ပေးလိုက်တယ်ဆိုတာကိုလဲ ပါးစပ်ကပြောမထွက်
မျက်နှာတွေနီရဲဘူး ရှက်နေတဲ့စရာလေးကိုကြည့်တာ ကျောက်ခဲ ဆရာလေးပေးလိုက်တဲ့အဖြေကို ကောင်းကောင်းသိသွားသည်။
"ကျွန်တော်သိပြီး
"ဟင်
"ဆရာလေး ကိုကြီး ခွပ်ဒေါင်းကို ချစ်တယ်လို့ အဖြေပေးလိုက်တာမလား
မျက်လုံးပြူးပြီး အံ့ဩနေတဲ့ဆရာလေးကိုကြည့်ပြီးကျောက်ခဲရီလိုက်သည်။
"ဆရာလေးကမပြောပြတောင် ဆရာလေးမျက်နှာ မှာ ပေါ်နေတယ်လေ ဟီးဟီး