" ဘာမှစိတ်ပူစရာမရှိပါဘူး လူနာက လန့်ပြီးသတိမေ့သွားတာပါ ဗိုက်ကဒဏ်ရာကလဲ သိပ်အများပါဘူး ခဏနေ လူနာသတိရလာမှာပါ
" ကျေးဇူးတင်ပါတယ်ဆရာရယ်
"ရပါတယ် သွားခွင့်ပြုပါအုံးလူနာသတိရလာရင်ဆရာကိုလာခေါ်လိုက်ပါ
"ဟုတ်ကဲ့
ဆရာဝန်အခန်းထဲကနေ ထွက်သွားတာနဲ့ ကုတင်ပေါ်မှာလှဲနေတဲ့ ခွပ်ဒေါင်းမာန်ဘေးသွားပြီး ငိုနေတဲ့ ကာရန်ပါ
ဟန်ကာရန်ဘေးသွားလိုက်ပြီး
" ခဏလောက်လိုက်ပါအုံး သူမကြာခင်သတိရလာမှာပါ
"ဟင့်အင် သူသတိရလာကိုမြင်ရမှ ငါအနားယူမယ်
အခုကာရန်ဖြစ်နေတဲ့ခံစားချက်ကို ဟန်သိတာမလို့ ဘာမပြောတော့ဘဲ အခန်းပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်
ကုတင်ပေါ်မှာ မျက်လုံးတွေ မှိတ်ပြီး အိပ်ပျော်နေတဲ့ကောင်လေးရဲ့ လက်ကိုဆုပ်ကိုင်လိုက်ပြီး
"မင်းသိလား လွန်ခဲ့တဲ့နှစ်တွေတုံးကလဲ ငါအဖေက အခုလို ဆေးရုံပေါ်မှလှဲနေဘူးတယ်
ငါခဏလေး အိပ်ပျော်သွားတာနဲ့ အဖေက ငါနဲ့အမေကိုထားပြီး ထွက်သွားခဲ့တာ မင်းကတော့ငါကိုမထားခဲ့ဘူးမလားနွေဦး ပြောပြီးသူရဲ့နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး
"ငါမောင့်ကိုချစ်တယ်နော်
" အများကြီးချစ်တာမလို့ မြန်မြန်သတိရလာပါနော်
အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်သာ ဒီစကားတွေကိုမကြားနိုင်ပါ။
သိုပေမဲ့အခန်းပြင်ဘက်ကကောင်လေးတစ်ယောက်ကတော့ထိုစကားတွေကြားပြီး ထိုင်ခုံပေါ်မှာ အသက်မဲ့စွာထိုင်နေသည်။
ငယ်ငယ်လေးကတည်းက ကိုယ့်ကိုတိုင်ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ကလေးတစ်ပွင့်က ကိုယ်တိုင်မခူးဆွတ်ရသေးခင်မှာဘဲ တပါးသူနဲ့ လက်ထဲမှာပျော်မွေ့နေပြီး
" မောင်လေး ခွပ်ဒေါင်းမာန်ဘယ်အခန်းထဲမှာလဲဟင်
ဟန်ကြည့်လိုက်တော့ ခွပ်ဒေါင်းမာန်အမ ငိုထားလို့ထင်ပါတယ် မျက်လုံးတွေရရဲနေပြီး မျက်အိမ်တွေက ဖောင်းနေသည်။