"အာစိ နံ့သာ ရွာပြန်ရောက်နေပြီပြောတယ်
သွား မတွေ့ဘူးလားထန်းရေခွက်ကိုကိုင်ပြီး ကျော်ကြီးအမေးကို ခွပ်ဒေါင်းပြန်မဖြေပါ
"နံ့သာဆီမသွားဘူးလားလို့
ခွပ်ဒေါင်းစိတ်မရှည်တာနဲ့ ထန်းရည်ခွက်ကိုချပြီး အသံမာမာနဲ့ ပြောလိုက်၏
"ငါကဘာလို့သွားရမှာလဲ
"ဟာအာစိကလဲ အာစိနဲ့သူက သူငယ်ချင်းတွေလေ ရွာလာတုံးလေးသွားတွေ့သင့်တာပေါ့
"ဟသူငယ်ချင်းဆိုတာနဲ့ဘဲ ငါကသွားတွေ့ရမှာလား သူတွေ့ချင်ရင် ငါလာတွေ့လိမ့်မယ်
"ဟာသူကမိန်းကလေး လေဘယ်လိုလုပ်လာတွေ့မလဲ
ကျော်ကြီးအပြောကို ခွပ်ဒေါင်းကမဲ့ရွဲ့ပြီးတော့
"အဲ့လိုပြောရကြေးဆို ငါလဲ ယောင်္ကျားလေးဘဲလေ
ခွပ်ဒေါင်းစကားကို ငမဲတူးကတော့ တဟားဟားနဲ့ အော်ရီနေပြီ ကျော်ကြီးကတော့ ကြက်ကြီးလည်လိမ်ထားတဲါအတိုင်း မအီမသာမျက်နှာထားနဲ့
ဟုတ်တယ်လေနံ့သာက ဒီရွာနေပြီ ဒီရွာမှကြီးလာတာသူ အခုမှမြို့ခဏသွားနေ နောက်သူသင်တန်း တက်လို့ပြီးလို့ ရွာပြန်လာရင် မတွေ့ချင်ပါဘူးဆိုတောင် တွေ့ရမှာကို အရေးကြီး ခွင်ကျယ်လုပ်ပြောနေတယ် ပြီးတော့နံ့သာကိုမမြင်ဘူးတာလဲမဟုတ်
"ဒါနဲ့အာစိမနေ့ညက အာစိဘယ်သွားအိပ်တာလဲ
"ငါအိမ်ငါအိပ်တာပေါ့ ငါအိမ်မအိပ်လို့ ဘယ်မယားအိမ်သွား အိပ်ရ
"သေချာလို့လား
ငမဲတူးက သေချာစိုက်ကြည့်ပြီးမေးလာတာကြောင့် မလုံမလဲဖြစ်မ််ိသည် ။
" သေချာတာဘာလို့မသေချာရမှာလဲ မင်းတို့ကဘာလို့ငါကို အိမ်မအိပ်ဘူးထင်နေရတာလဲ
ခွပ်ဒေါင်းမေးလိုက်တော့ နှစ်ကောင်းသားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စဖြီးဖြီးလုပ်နေကြပြီး
"အာစိနဲ့ကျုပ်တို့ကငယ်ငယ်လေးကတည်းကပေါင်းလာတဲ့သူတွေပါ
"အဲ့တော့ဘာဖြစ်လဲ
" အဲ့တော့အာစိအကြောင်းသိတာပေါ့ အာစိ ဘယ်လောက်သရဲကြောက်တက်တယ်ဆိုတာကို လေ