" ရွာထဲရှိကြ ကုန်သောလုပ်သားပြည်သူအပေါင်းတို့ ခဗျား ကျတော်တို့ရွာသူကြီး
ဦးဂတုံးကညနေ တစ်နာရီထိုး အချိန်တွင် သူ၏နေအိမ် မဂ်လာလို့ အစည်း အဝေးတက်ရောက်ပါရန် မှာကြားလိုက်ပါတယ်ခဗျား
မဖြစ်မနေ တစ်အိမ်တစ်ယောက် တက်ရောက်ပေးကြပါရန်ကိုလဲ မှာကြားလိုက်ပါခဗျာ
ညီးစုရွာက အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီ
နှစ်ပိုင်းရှိသည် ။ ရွာသူရွာသား အချင်းချင်းကတည့်တည့်ရူရူ နဲ့စည်းလုံးညီညွတ်မူရှိပေမဲ့ ဘေးရွာက လူတွေနဲ့ကတော့ ခဏခဏ ပြသာနာ တက်ရသည်" အဖေ ရွာသူကြီးက ဘာကိစ္စရှိလို့လဲ မသိဘူးနော် အဖေရောကြားမိသေးလား
သားဖနှစ် ယောက်ထမင်းဝိုင်းတွေ နှင်းသွေးရဲ့အမေးကို အဖေက ရေနွေးကြမ်းကို မှုတ်သောက်ပြီးတော့ ပြန်ဖြေ၏ ။
" မနေ့က ရွာဦးကျောင်းမှ ပြောနေတာ ကြားတာတော့ မြို့ကလူလေးတစ်ယောက် ဒီရွာလာမယ် ပြောကြတာဘဲ အဖေလဲသေချာမသိဘူး
" သူကြီးခေါ်တဲ့စီ သမီးသွားလိုက်ရမလား အဖေ
"နေနေငါသွားလိုက်မယ်
"ဟုတ်ကဲ့အဖေ
" နှင်းသွေးနင့်မောင်အခုထိပြန်မလာသေးဘူးလား မနက်ကတည်းက အိမ်ကထွက်သွားတာ
ဟုတ်ပါရဲ့အဖေပြောမှသတိရတော့သည်။ မနက်ကတည်းကအဖေနဲ့ စကားများပြီးထွက်သွားတာ အခု နေ့လည် 11နာရီတောင်ထိုးတော့မယ်။
အခုချိန်ထိပြန်မလာသေးဘူး ဗိုက်တွေ ဘာတွေများ ဆာနေမလားမသိဘူး
အမဖြစ်သူကသာ စိတ်ပူနေရတာ သူကအခုချိန်ဆို ထန်းတောမှသွားသာယာနေလိုက်ပြီး ဒီမောင်လေး တစ်ယောက်နဲ့ ခက်တော့တာပါဘဲ
" ဟဲ့ငါမေးနေတာ မဖြေဘဲဘာတွေစဉ်းစားနေတာလဲ။
"ဘာမဟုတ်ပါဘူးအဖေရဲ့ အဖေသားဘယ်ထန်းတော ရောက်နေလဲလို့ စဉ်းစားနေလို့ပါ
" ငါသူကြီးအိမ်သွားလို့ အဲ့ကောင် ပြန်လာရင် နောက်ထက်ဘယ်မထွက်ခိုင်းနဲ့ ငါပြောစရာရှိတယ်လို့ပြောလိုက် ကြားလား