Part-2

2.6K 83 1
                                    


🌿🍀မုန်းသင့် လူသား 🍀🌿 { အပိုင်း-2 }

                   ( သို့)  🍃ကျွန်တော်မုန်းတဲ့......Daddy🍃

ရိပ်နဲ့ နှိုင်း စီးလာတဲ့ ကားလေးမှာ ရိပ်၏ အရှိန်အမြန်းဆုံးဖြင့်
မောင်းနှင်းမူ့ကြောင့် ရိပ်တို့ နေထိုင်ရာ နှစ်ထပ်တိုက်ဖြူ လေး
တို့ ရောက်လာလေသည်။

"တီ...တီ..."!!

ပိတ်ထားတဲ့ ခြံတံခါးကြောင့် ရိပ် အဆက်မပြတ် ကားဟွန်း
တီးလိုက်လေသည်။  ကား ဟွန်းသံကျယ်ကြီးက
နှိုင်း နားအုန်ပွင့် ပြီးဟု ထင်မှတ်ရလောက်အောင်
အဆက်မပြတ် ထွက်ပေါ်လျက် ရှိသည်။

ဘယ်အကြောင်းအရာကြောင့် သူ့၏ ရိပ်လေး ဒီလောက်
ဒေါသ ထွက်နေသည်လဲ နှိုင်းမသိပေ။  ခုဏလေးတင်
ဝမ်းနည်းပြီး ငိုနေတဲ့ လူသားက ခုတော့ ခက်ထန်မာကျောပြီး
သားလူ ဘီလူးကြီး လို ဖြစ်နေပြန် သည်။

ရိပ်၏ ကျယ်လောင်စွာ ထွက်ပေါ် လာသော ကားဟွန်းသံ
ကြောင့် ခြံထဲမှ အသက် 30 အရွယ် အမျိုးသား တစ်ဦး ပြေး
ထွက်လာ၍...ခြံပေါက်ဝ ရှေ့ရောက်သည်နှင့် လက်ထဲ၌
အသင့်ပါလာသော ခြံသော့ ဖြင့် သော့ကို ဖွင်ကာ
ခြံတံခါးအား ကားဝင်နိုင်ရန် ဖွင့် ပေးနေသည်။

"ရိပ် ဖြေး ဖြေး"!

ခြံတံခါး ပွင့် သွားဒါနဲ့ တစ်ပြိုင်နက် ရိပ်ကားစက် နိုး၍
အရှိန်ဖြင့် အိမ်ထဲသို့ ကားအားမောင်းဝင်လိုက်လေသည်။
ရိပ်၏ ကား မောင်းသည့်ရှိန်သည် ခြံဖွင့် ပေးသော ခြံစောင့်
မောင်လှပါ ကြက်သီ ထလောက်သည် အထိ မြန်လွန်းလေသည်။

နှိုင်း ဖြေဖြေမောင်းဖို့ တစ်လမ်းလုံး သတိပေးခဲ့သော်လည်း
အမောင် ရိပ်လေးကတော့ စကားနားထောင်သည့်နေရာမှာ
အိမ်ပြန်ရောက်သည်အထိ အရှိန် မလျော့ပေ။

ရိပ် ကားအား အိမ်ပေါက်ဝ တည့်တည့် ရပ်လိုက်၍ ပတ်ထားသော
ခါးပါတ်ကို ဖြုတ်ကာ တံခါးဖွင့်လိုက်သည်။ ထို့နောက်
ကားပေါ် မှ ဆင်း၍ အိမ်ထဲသို့ ဒေါက်လျှောက် ဝင်လိုက်သည်။

နှိုင်းမှာလဲ သူ့အား မေ့ကာ အိမ်ထဲ ဒေါသ ဖြင့် ဝင်သွားသူ
ရိပ်လေးနောက် လိုက်ရပြန်သည်။

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now