part-17

1K 42 0
                                    


Unicode

🍀🍀 အပိုင်း -17 🍀🍀

ကျွန်တော်မုန်းတဲ့...daddy
 

အဖိုတန်ရွှေငွေ ကျောက်မြတ်ရတနာ တွေကို တစ်မေ့တစ်မော အပြုံး
တွေနဲ့ ကြည့်နေတဲ့ ဦးရတု။ အမြန်မောင်းနှင်းနေတဲ့ ကားအရှိန်ကို
တောင် လျှော့ခိုင်းကို မေ့နေတဲ့အထိပင်။

နောက်ခန်းတွင် ထိုင်၍ လိုက်ပါလာသူ။ သူ၏ အမျိုးသမီး ဒေါ်မြရိပ်
ရဲ့ စက်ရွံ့ဖွယ်အကြည့်နဲ့ ကြည့်နေတဲ့ မျက်ဝန်းတွေကိုတော့ မျက်ကွယ်
ပြု၍ ပင်။

ဒေါမြရိပ် ယောင်္ကျားဖြစ်သူအား အထချိန်အတော်ကြာတဲ့အထိ ဒေါသ
ဖြင့် ကြည့်ပြီးသည့်နောက် သူ၏ အကြည့်ကို ရွှေငွေတွေထံ ပြောင်းရွေ့
ကာ ခနဲ့စွာရယ် လိုက်၏။

" အဟက်,, "

သူ(မ) ရယ် သံကြောင့် ပြုံးနေတဲ့ ဦးရတု မျက်မှောင်ကုတ်ကာဖြင့်
သူ(မ) ရှိရာ ကားအနောက် ခန်း သို့ ခေါင်းစာင့်ကြည့်၍။

" ဘာရယ်တာလဲ "

"ရယ် မှတော့ ရယ်ချင်လို့ပေါ့...ဘာကြောင့်ရယ်တယ်ဆိုတာ
အကြောင်းပြနေရအုန်းမှာ "

သူ(မ) စိတ်ထဲ အလိုမကျ ပြန်ပြောလိုက်တော့ ဒေါသ ထွက်သွားတဲ့ သူ့
အမျိုးသား။

" ငါ့နင့် အရှေ့မှာ ရယ်စရာ လုပ်ပြမနေဘူး မမြရိပ်..ရယ်စရာအ
ကြောင်းလဲ မရှိဘဲ ရယ်ရအောင် မင်းက အရူးလား "

" ထင်သားဘဲ"

" မြရိပ် "

" ရှင်လို ခြင်တဲ့ ရွှေတွေငွေတွေရနေပြီဆိုတော့ လောင်းကစားရုံကို သွားခြင်ရင် သွားနော်...ကျွန်မ ကားငှားပြီးပြန်လို့ရတယ် "

" မြရိပ် "!!?

လောင်းကစား ကိစ္စသူ၏ မိန်းမ သိနေသည့်အတွက် ဦးရတု ထိတ်လန့်
သွားသည့်အပြင် မျက်ဝန်းတွေပါပြူး၍ အော်လိုက်၏။

သူ့အော်သံကို ဂရုမစိုက်တဲ့ ဒေါ်မြရိပ်ကတော့ ပြုံး၍။

" ကျွန်မက ရှင့်အတွက်စေတနာနဲ့ပါ...ရှင် လွတ်လွတ်လပ်လပ် သားကို
ရောင်းရတဲ့ ငွေနဲ့ လောင်းကစား ဆော့နိုင်အောင်လို့ ပြောနေတာပါ
ရှင့် "

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now