part-16

972 39 0
                                    


Unicode

🍀မုန်းသင့်လူသား🍀 {အပိုင်း-16}

                ( သို့)  🌿ကျွန်တော်မုန်းတဲ့...daddy 🌿

"ဒေါက်တာ ခွန်းဆက် "

နှိုင်းလေးရဲ့ သင်္ခြို တဲ့ ကိစ္စ အားလုံး ပြီးစီးသွားပြီမို့ ဒီအိမ်မှာ
လင်းလက် ဆက်နေစရာ အကြောင်းမရှိတော့သည်မို့ အဝတ်အစား
များ ထုတ်ပိုး နေချိန်အခန်းဝက ခေါ်သံကြောင့် နောက်ပြန်လှည့်ကြည့်
လိုက်တော့..တစ်ချိန်က သူ့ကိုကို ...ကို တွေ့လိုက်ရ၏။

" ဘာကိစ္စ ရှိလို့လဲဗျ "

ထုတ်ပိုးလက်စ အဝတ်အစားကို ခရီးဆောင်အိပ်ထဲ ဒီအတိုင်း
ပစ်ထည့်ခါ ကိုနှိုင်းမြင့်ကို နှင့် မျက်နှာခြင်းဆိုင်ရပ်လိုက်သည်။

" မင့် ကို...ညီလေးရဲ့ ရက်လည် ပြီးတဲ့ အထိ နေပေးဖို့ ငါ
တောင်းဆို ခြင်လို့ပါ "

" ကျွန်တော် နေခြင်ပါတယ်။ ဒါပေမဲ့ နေလို့ မရတော့လို့ပါ "

အားနာ မှု့ကြောင့် မျက်နှာခြင်းဆိုင်နေရာက မျက်နှာ လွဲကာ ခုဏ
က ဒီအတိုင်း ပစ်ထည့်ထားတဲ့ အဝတ်တွေကို ပြန်ခေါက် နေလိုက်၏။

" ဘာလို့လဲ,, "

" ကိုယ်ရေး ကိုယ်တာကိစ္စပါ "

" မင်းချစ်သူရဲ့ နောက်ဆုံးခရီးထက် အရေးပါလို့လား?? "

ကိုနှိုင်းမြင့်ကို စကားကြောင့် လင်းလင် အဝတ်ထည့်နေတဲ့ လက်တွေ
ရက်သန့်သွားရသည်။ ချစ်သူရဲ့ နောက်ဆုံးခရီးလောက် အရေးပါလို့လား
တဲ့...။အဟက်,, ကိုကိုက ချစ်သူကို အရေးပါတယ်လို့ သတ်မှတ်နေသေး
တာလား??။ ကျွန်တော့ အလှည့်တုန်းကသာ ကျွန်တော့ကို အရေးပါ
တယ်လို့ ကိုကို တွေးပေးခဲ့ရင်။

" ငါပြောတာ...မင်းနားထောင်နေသေးရဲ့လား??"

တိတ်ဆိတ်သွားတဲ့ ညီဖြစ်သူရဲ့ ချစ်သူကြောင့် နှိုင်း မျက်မှောင် ကျုံ့ကာ
ထပ်မေးလိုက်တော့ သူ့ထံ လှည့်ကြည့်လာတဲ့ ကောင်လေး။

ကောင်လေး ရဲ့ မျက်ဝန်းတွေကို နှိုင်း ခဏဘဲ အကြည့်ခြင်းဆုံနိုင်ပြီး
မျက်လွှာ ချလိုက်ရသည်။ ကောင်လေးရဲ့ မျက်ဝန်းတွေက နှလုံးသား
ကို လာလာ နှိုတ်စက်နေတယ်...နာကျဉ်ရတယ်...ဘာကြောင့်လဲ။

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now