part-18

989 37 0
                                    


Unicode

🍀🍀 အပိုင်း-18 🍀🍀

ကျွန်တော်မုန်းတဲ့ ...daddy

ပြသနာတွေ အားလုံးရဲ့အစက အလင်းမြတ် အိမ်ရောက်လာတဲ့
နေက အစပြုခဲ့သည်။

အလင်းမြတ် သခင့်အိမ်ရောက်လာတဲ့ အကြောင်းအရင်းက တစ်စုံ
တစ်ယောက်ကို သခင့်အိမ်မှာ ထားခြင်လို့ပင်။ထိုလူက ဘယ်သူ
မှန်းတော့ လင်းလက်မသိ။ အမျိုးသမီး တစ်ဦးဖြစ်မှန်းသာ လင်းလက်
သိခဲ့သည်။

အလင်းမြတ် နံနက်ပိုင်း သခင့်အိမ်လာပြီး ညနေရောက်တာနဲ့ ထိုအမျိုး
သမီး အိမ်ရောက်လာတော့သည်။ထိုအမျိုးသမီး အိမ်ရောက်တဲ့ ထိုညနေ
မည်သူ တစ်ဦးတစ်ယောက်နဲ့မှ သခင် မိတ်ဆက်ပေးခြင်းမရှိခဲ့။လင်းလက်
ဆိုသည့် သူ၏ တူ အရင်းကိုပင် ထိုအမျိုးသမီး ဘယ်သူ ဆိုပြောမပြခဲ့
ပေ။

သခင့် အလိုကျ အမျိုးသမီးကို ကြီးနန်းမေ အိပ်ခန်းပြင်ဆင်ပေးခဲ့သလို
ဦးမဲလုံးမှလဲ သူမ လိုအပ်တာ လုပ်ပေးဖို့ စေခိုင်းခြင်းခံခဲ့ရသည်။

နံနက်ထမင်းစားပြီးကတည်းက အိပ်ခန်းထဲ အောင်းနေတဲ့ ရိပ်။
အပြင်က ဆူညံသံတွေကြောင့် အခန်းပြင်ထွက်လာချိန် ဧည့်ခန်း၌ဦးဇိုင်းအနားအပြုံးချိုချိုလေးတွေနဲ့ ထိုင်ကာ စကားပြောနေတဲ့ အမျိုးသမီးကို တွေ့လိုက်ရ၍ တည်နေတဲ့ ရိပ်နှုတ်ခမ်း အလိုလို စူထွက် လာ၏။

ရိပ် အလိုမကျစွာ ဦးဇိုင်းနဲ့ အမျိုးသမီးအား မျက်စောင်းထိုကား...
ဧည့်ခန်းပေါက်ဝရှေ့ ရပ်နေသူ ကိုလင်းလက်နား လျှောက်သွားလိုက်သည်။

" အဲ့မိန်းမက ဘယ်သူလဲ "

" ရိပ်လေး "

လင်းလက် အနားရောက်လာတဲ့ လရိပ်ငယ်ကို တစ်ချက်ကြည့် သခင်နဲ့
အဲ့မိန်းမကို တစ်ချက်ကြည့်ကာဖြင့် ခေါင်းခါ လိုက်သည်။

ကိုလင်းလက်တောင် မသိတဲ့ အဲ့မိန့်မနဲ့ ဦးဇိုင်းရဲ့ ပတ်သက်မှု့ကဘာလဲ။
ရိပ် တွေးရင်းဖြင့် လိုအပ်သည်ထက် ပိုသည့် ပတ်သက်မှု့ ရှိနေမှာ စိုးသည့် အတွေးများ ဝင်ရောက်လာတော့သည်။

ထို့နောက် ဦးဇိုင်းနဲ့ အဲ့မိန်းမ ရှိရာဧည့်ခန်းဆီသို့ ခြေလှမ်းများ
ဦးတည်လိုက်သည်။ အရာအားလုံးကိုသာ သခင်တားနိုင်ခြင်တားနိုင်
မည်။ ရိပ်ကိုတော့ သခင်မတားနိုင်။

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now