part-7

1.3K 52 0
                                    


Unicode

🌿🍀မုန်းသင့်လူသား🍀🌿 {အပိုင်း-7}

               (သို့)🍃ကျွန်တော်မုန်းတဲ့...daddy🍃

နံနက်ခင်းရဲ့ အလင်းရောင်ကြောင့် ဆေးရုံကုတင်လေးထက်
အိပ်ဆေးရှိန်နှင့်အိပ်ပျော်နေသည့် ရိပ် နိုးထလာခဲ့သည်။

အေးစိမ့်စိမ့် လေပြေ၏ အထိအတွေ့ကြောင့် သူသိလိုက်သည်က
မသေသေးဘူးဆိုတာကိုပင်။ သေခြင်တဲ့ လူကိုမှ ဘာလို့
တစ်ခါထဲမခေါ်သွားရတာလဲ လောကကြီးရယ်။ ရိပ်ကို ဘာလို့
အသက်ရှင်ခွင့် ပေးခဲ့ ရတာလဲဗျာ။

ရိပ်တွေးရင်း မျက်ရည်များက စီးကျလာပြန်၏။
မိတ်ထားသည့် မျပ်လုံးကို ရိပ်ဖွင့်လိုက်ချိန် တစ်ခုခု အရှေ့မှာ
ကားစီးထားသည့် ခံစားချက်ကြောင့် သူ၏ လက်ဖြင့်
ထိတွေ့ကြည့်လိုက်သည်။ စည်းထားသည့် ပတ်တီး
ရဲ့ ကို ရိပ်ကိုင်မိလိုက်ချိန် အတော်ထိတ်လန့်သွားသလို
ရယ်လဲ ရယ်ချင်သွားမိသည်။

သေချင်တဲ့ လူကို မသေခိုင်းဘဲ မျက်မမြင်ဒုက္ခိတ ဘဝနဲ့
ရှင်သန်ခိုင်းတဲ့ ကံကြမ္မာကြီးက ရယ်ဖို့ အတော်ကောင်းလှသည်။

ဆေးရုံ ခန်းထဲရှိ ဆိုဖာ ရှည်ပေါ်၌ ဦးရတု အိပ်ပျော်နေနိုင်ပေမဲ့
ဒေါ်မြရိပ် တစ်ယောက်ကတော့ တစ်ညလုံး အိပ်မပျော်နိုင်ရှာပေ။
ခုလောက်ဆို မောင်ဇိုင်း လဲသတိရလို့ ဘန်ကောက်သွားဖို့
လေယာဉ်ကွင်းတောင် ရောက်နေလောက်ရောပေါ့။

သနားလိုက်တာ မောင်ဇိုင်းရယ်။ မောင်ဇိုင်း ရဲ့အချစ်က သား
အပေါ် ဘယ်လောက်ဘဲ စစ်မှန်နေပါစေ...ထုတ်မပြခဲ့တော့
သားရဲ့အချစ်ကို မောင်ဇိုင်းဘယ်လို ရနိုင်မှာလဲ။

ဒေါ်မြရိပ် ဇိုင်းအား သနားလွန်း၍ စီးကျနေသည့် မျက်ရည်ကို
သုတ်ဖယ် လိုက်စဉ် ကုတင်ပေါ်မှ သားနိုးလာတာကို
တွေ့လိုက်လေသည်။

"သား...သားလရိပ်ငယ်...နိုးပြီလား"

"အေမ"

ရိပ်ကလေးအား ဆုတ်ကိုင်၍ အပျော်လွန်နေသည့် အမေကြောင့်
ရိပ် ပို၍ ငိုချင်မိသည်။ နောက်ဆို မျက်မမြင် ဒုက္ခိတ ရိပ်ကို
အမေတို့ ပြုစုကြရတော့မှာ မဟုတ်လား။

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now