part-24

1.1K 27 1
                                    

Unicode

🍀🍀 အပိုင်း -24 🍀🍀

ကျွန်တော်မုန်းတဲ့...daddy

" ဦးဇိုင်း "

ကျောင်းပေါက်ဝရှိ အနက်ရောင် ကားရှေ့တွင် အပြုံးတွေနဲ့
စောင့်နေတဲ့ ဦးဇိုင်းကို မြင်လိုက်ရ၍ ရိပ်ရင်ထဲ မလုံသည့်
စိတ်တွေ စတင်ဝင်ရောက်တိုက်ခိုက်လာကာ
အသက်ရူနှုန်းမမှန်ခြင်တော့။

အပြစ်အကြီးကြီး မလုပ်ထားရင်တောင် ကိုလင်းလက်ကို
သူပြောခဲ့တဲ့ စကားကြောင့် ယခု ကိုနှိုင်းမြင့်ကို နှင့်
လျှောက်သွားနေသည်ကို ဦးဇိုင်း သူ့အား သစ္စာ
ဖောက်နေပြီ ဟုထင်နိုင်သည်။

" ဦးဇိုင်း? "

" သည်းငယ် နောက်ကျတယ်နော် ...ကိုယ်စောင့်တာ ကြာပြီ
ဒါနဲ့ ဘာလို့ ကျောင်းအပြင်မှာ ရှိနေရတာလဲ "

ဟုတ်သည်။ ယခု ရိပ် လာနေသည့်လမ်းက ကျောင်းဝန်း
ထဲကမဟုတ်။ကိုနှိုင်းမြင့်ကို နှင့် လျှောက်လယ်ပြီး
အပြင်က ပြန်လာသည့် လမ်းဖြစ်သည်။

" ဟို...ဟို အဲ့တာ?? "

" အဟက်,,ထားလိုက်ပါ ...သည်းငယ် လဲ အပြင်ထွက်ခြင်မှာပေါ့
မဖြေခြင်ရင်လဲ မဖြေနဲ့ နော် ခုကိုယ်တို့ ပြန်ကြစို့ "

"ဟုတ် "

ဦးဇိုင်း ဘားမှမမေးပေလို့ ကံကောင်းသည်။မဟုတ်ရင်
ရိပ် ဖြေတတ်မှာမဟုတ်။

ဦးဇိုင်းဖွင့်ပေးတဲ့ ကားတံခါးထဲ ရိပ်ဝင်ထိုင် လိုက်သည်။

အမြန်လဲမဟုတ် အနှေးလဲ မဟုတ်။ပုံမှန်အတိုင်း မောင်း
နေတဲ့ ကားတံခါးလေးက ဦးတည်ချက် မဲ့နေတယ်လို့
ရိပ်ခံစားနေရသည်။

ဘာလို့ မှန်းတော့မသိပေမဲ့ အခုဦးဇိုင်းမောင်းနေတဲ့
နေရာက အိမ်ပြန်လမ်း မဟုတ်တာ သေခြာသည်။ဘယ်
သွားပြီး ဘာလုပ်မယ်မှန်း ရိပ် မေးလိုက်ခြင်ပေမဲ့
ဦးဇိုင်း အပေါ် အပြစ်လုပ်ထားသလို ခံစား
နေရသည့်အတွက် မမေးရဲပြန်ပေ။

ပုံမှန်မဟုတ်တဲ့ လမ်းကနေ မောင်းနှင်းခြင်းခံနေရတဲ့
ကားလေးက မြို့စွန်က ခြံကြီး တစ်ခြံ ဆီကိုပင်။

ထိုခြံကြီးမှ ကားရပ်ပြီးနောက် ထိုအိမ်ထဲ ရိပ်ကို ခေါ်
ဝင်လာသည်။

မုန်းသင့်လူသား (or)ကျွန်တော် မုန်းတဲ့...daddy( Uni / ZG) Where stories live. Discover now